extra 4

4.8K 477 11
                                    

    လီဟွားကျန်း အန်းပေါင်း
   အပိုင်း ၁
   
    လီဟွားကျန်းက ကိုယ့်ကို တနေ့မှာ အမတ်ကြီးဖြစ်လိမ့်မယ်လို့ လုံးဝမတွေးမိဖူးဘူး ၊ လူတယောက်ရဲ့ ကျေးဇူးနဲ့ အမျိုးမြတ်အမျိုးနွယ် ဖြစ်ရမယ်လို့‌ ပိုတောင်မတွေးမိဘူးလေ ၊ သူက ဖြစ်ရရုံမကဘူး လူတယောက်ရဲ့ ချောက်တွန်းမူနဲ့ တိုင်းသိပြည်သိအောင် သူအနှစ်သက်ဆုံးလူကို(သူ့ရဲ့ နောက်လိုက်အစေခံ အန်းပေါင်း) ခမ်းခမ်းနားနားနဲ့ လက်ထပ်ယူခွင့်ရခဲ့တယ် ၊ ချောက်တွန်းတယ်လည်း ပြောမရပါဘူး သူက အစကတည်းက အန်းပေါင်းနဲ့ တသက်လုံးနေထိုင်မယ်လို့ စိတ်ကူးပြီးသားလေ ပြီးရင် နှစ်ယောက်သား ဖယောင်းတိုင်ရှေ့မှာ မိုးနတ်မင်းကို တိုင်တည်ပြီး သစ္စာဆိုရင်လည်း မင်္ဂလာဆောင်ပြီးပြီ လို့ ရိုးရိုးရှင်းရှင်းစဉ်းစားထားခဲ့တာပါ။
 
    ကိုယ့်ကိုရှက်ရတာ အဖိုးအိမ်ထိရောက်သွားပြီဆိုတဲ့ လူတယောက်က ကိုယ့်ရဲ့တဦးတည်းသော သူငယ်ချင်းကိုလည်း ဘေးမှာပွဲပေးမကြည့်စေပဲ သူ့သူမင်္ဂလာဆောင်တဲ့ညမှာပဲ လိဝေးဘုရင်နားဘေးနားမှာ လေပြေထိုးရှာတယ် ။အလှပဂေးသာရွေးမယ် တိုင်းပြည်မရွေးဘူးဆိုတဲ့ ဘုရင်မင်းမြတ် ကတော့ ဒုတိယရက်မှာပင် သူ့ကို လန့်လ်ဟေဲာကျွင်း ဆိုပြီး ချီးမြှောက်ပြီလေ သူ့ကို ခန်းခန်းနားနားဖြင့် အန်းပေါင်းကို လက်ထပ်ယူစေတယ် ။ ဘုရင်တောင် အမိန့်ချပြီဆိုတော့ သူလိုက်လုပ်ရတာပေါ့ ပြီးတော့ ကျွင်းဟုန် အတင်မြှောက်ခံရပြီးဖြစ်တဲ့ သခင်လေးကလည်း သူ့အတိုင်း အဖိုးအိမ်ထိရှက်ရတဲ့ အရသာကို ခံစားစေချင်ရှာတယ်လေ ။ အဲ့လူက ဟိုဟိုဒီဒီ အလုပ်ရူပ်ခံကာ လုပ်ပေးရုံမက မင်္ဂလာရက်တွင်ပင် မိတ်ဆွေတွေကိုပါ မင်္ဂလာပွဲကို နောက်ခိုင်းသေးတယ် ။
 
    အန်းပေါင်းက ရာထူးအဆင့်မရှိတာမို့ မင်္ဂလာဆောင်တဲ့ရက်မှာ ကျွင်းဟုန်ရဲ့ မွေးစားညီရာထူးနဲ့ နန်းတွင်းကနေ ကြိုယူစေတယ် ။ ဒီတလမ်းလုံး တီးတီးမူတ်မူတ်နဲ့ ဆိုလည်းထားပါတော့ သူက တကိုယ်လုံးနီရဲနေတဲ့ မင်္ဂလာဝတ်စုံပါ ဝတ်ပြီး ထွားကြိုင်းတဲ့ မြင်းကိုပါစီးကာ မြင်းလမ်းကြီးပေါ်မှာ ပတ်ပြရသေးတယ် ။ အိမ်တော်ကို ကြိုပြီးချိန်မှာ နောက်တတ်သူတွေရဲ့ နောက်ပြောင်မူထဲကနေ အန်းပေါင်းကို ဝေါယာဉ်ထဲက ချီဆင်းရပြီး အခန်းထဲထိ ချီဝင်သွားရတယ် ။ ကောင်းပြီ ၊ ဒီကိစ္စထိလုပ်ပြီးပြီကို ဒီသခင်လေး မတော်သေးဘူး အန်းပေါင်းကိုပါ ထပ်အော်ခေါ်ထွက်လာစေပြီးသူတို့ကို လက်ယှဉ်ယှက်အရက်ကိုပါ သောက်ခိုင်းသေးတယ် ။  ပြီးနောက် စားပွဲ တခုပြီး တခု ဂုဏ်ပြုအရက်ဖြင့် ဂုဏ်ပြုခိုင်းတာက မပြောနဲ့တော့ အဲ့တာကိုလည်း မချန်ခဲ့ဘူး ။ အဲ့လူရဲ့ ရည်ရွယ်ချက်က အောင်မြင်ပြီလေ ၊ သူတို့ ပျော်ရွှင်ဝမ်းသာရသလို မျက်နှာကလည်း အဖိုးအိမ်ထိ ရှက်ခဲ့ရပြီလေ ။ ဒါပေမဲ့ တော်သေးတာက ထိုလူက 'ဖူရင်းအက' မင်္ဂလာလက်ဖွဲ့အကဖြင့် သူ့တဗိုက်လုံးရဲ့ မကျေမချမ်း‌ေတွကို နှစ်သိမ့်နိုင်ခဲ့ပြီလေ ။
 
    အန်းပေါင်းနဲ့ မင်္ဂလာဆောင်ခဲ့တာ သုံးလရှိပြီ သူ့ရဲ့ အန်းပေါင်းလေးက သူများရှေ့မှာ စကားမပြောတတ်သေးဘူး ။ ဒါပေမဲ့ အရပ်တွေထွက်လာခဲ့တဲ့ သူက ပန်းပွင့်ငုံတပွင့်လိုပဲ သူ့ရဲ့ကိုယ်ပိုင် အ‌ရောင်တွေ တ‌ဖြည်းဖြည်း ပွင့်လန်းလာပြီလေ သူ့ကို ပိုပိုပြီး စွဲလန်းလာစေတယ် ။ ဒါပေမဲ့ ကိစ္စတခုက သူနဲ့ အန်းပေါင်းရင်ထဲမှာ ဖိထားတာ တခုရှိတယ် ဟိုလူရှင်းရှင်းသိလားမသိဘူးလား သူမသိဘူး ၊ ဟိုလူမထုတ်ပြောတော့ သူလည်း မထုတ်ပြောရဲဘူး ဟိုလူမသိသလို နေနေရတယ် ။ သူ ပြောထွက်မိမှ အန်းပေါင်က လွှဲ၍ တဦးတည်းသော အိမ်သားကို ဆုံးရူံသွားမှာ ကြောက်မိတယ် ။
 
 " ဟွား, ဟွားကျန်း ... "
    သူ့ကို ခေါ်သူရှိတယ် လီဟွားကျန်း ချက်ချင်းခေါင်းလှည့်ကြည့်လိုက်တယ် သူ့ဆီလာသူကို လက်ဆန့်လိုက်ကာ
   " လုပ်ပြီးပြီလား ? "
 
    " အင်း " အန်းပေါင်းက လက်ထဲက ကျားရုပ် ဦးထုပ်နှစ်ခုကို ထိုးပေးလိုက်ပြီး
   " မင်း , ကြည့်ကြည့် "

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now