extra 10.1 Unicode

2.1K 314 10
                                    

အတိုင်ပင်ခံ အပိုင်း ၁.၁

 
   " အတိုင်ပင်ခံလူကြီးမင်း , ဘုရင်ကြွလာပါတယ် "
  
    အရက်သောက်နေတဲ့ ရင့်ချွမ် စားပွဲပေါ်က အရက်ကို စားပွဲအောက်ဖွက်လိုက်ပြီးတာနဲ့ လူတယောက် က ဒေါသတကြီး လျှောက်ဝင်လာတာကို တွေ့လိုက်တယ် ။ ရင့်ချွမ်မျက်နှာပေါ်မှာ အံ့အားသင့်ရိပ်တွေပေါ်သွားပြီး ဘုရင်က လေသံကြမ်းကြမ်းဖြင့် ပြောတာကြားလိုက်တယ်

  " အားလုံးထွက်သွားကြ! "

   အားလုံးနောက်ဆုတ်ထွက်သွားပြီး တံခါးပိတ်လိုက်လေတယ် ။ ရင့်ချွမ် စိတ်မလုံမလဲဖြင့် စားပွဲအောက်ကို တချက်ချောင်းကြည့်လိုက်ပြီး ဘုရင်က သည်းမခံနိုင်တော့လို့လား ? ဒါပေမဲ့ သူ ဘုရင်အတွက် နှစ်အိုးတောင်ချန်ခဲ့ပေးသေးတယ်မလား ? ဘုရင် ဒီလောက် ကပ်စေးမနည်းလောက်ပါဘူး ။
 
    " ကုနျန် ဘယ်မှာလဲ ?! "
 
   ရင့်ချွမ် ထပ်ကြောင်သွားတယ် ၊ ပြီးတော့ သူ့မျက်နှာမှာ အမြဲဆင်ထားတဲ့ ယုတ်မာခြင်းတွေ ပျောက်သွားပြီး တည်တံ့စွာ မေးတယ်

   " သူက ယျိုးအော်အပေါ် ဘာလုပ်ခဲ့သလဲဆိုတာ ဘုရင် သိသွားပြီပေါ့ "
  
   ကုနျန်က ကုယျိုးကို ဘာလုပ်ခဲ့သလဲဆိုတာ မယ်တော်ကြီးကျန်းဟွမ်ယွိပဲ သိတာ ဒါပေမဲ့ သူမက သေတောင်မပြောချင်ဘူး ။
 
   ယန်းရှ နူတ်ခမ်းတွေ တင်းတင်းစေ့ထားကာ နဖူးကြောတွေပါ ထောင်နေတော့ ရင့်ချွမ် ခန့်မှန်းမိလိုက်တယ်

   " ဘုရင်က သိသွားပြီပဲ "

  " ကုနျန် ဘယ်မှာလဲ ?! "
 
    ရင့်ချွမ် မျက်မှောင်ကြုတ်လိုက်ကာ
  " သူ ရှင်နေသေးတယ်လို့ ဘုရင်ဘယ်လိုသေချာသိနိုင်မလဲ ? ဒါမှမဟုတ် ကျနော်အမတ်က တနေရာရာမှာ ဝှက်ထားတယ်လို့ထင်တာလား ? "
 
   " ရင့်ချွမ်, သူ့ကို ထုတ်ပေးလာစမ်း ! "

   ယန်းရှက  ကုနျန် အသက်ရှင်နေသေးတာကို သေချာနေသော လေသံဖြင့် ကုနျန်က ရင့်ချွမ်လက်ထဲမှာဆိုတာ သေချာနေသော လေသံဖြင့်ပြောနေတယ် ။
 
   ဘုရင်က ကုနျန်ကို ဒီလို အတင်းတောင်းနေပုံနှင့် ဒေါသပုံထနေပုံကိုကြည့်ပြီး ရင့်ချွမ်ရဲ့မျက်နှာ အေးစက်သွားလေပြီ

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now