extra 12.1 unicode

2.1K 298 7
                                    

ယန်းသုံးယန်း အပိုင်း၁.၁

အရက်ဆိုင်ပြတင်းပေါက်ဘေးမှာ ထိုင်ပြီး ယန်းကျွမ့်က တဖက်လမ်းမှာ ပန်းထိုးပိုးထည်တွေ ရောင်းတဲ့ အမျိုးသမီးကို ကြည့်နေတယ်။ ထိုအမျိုးသမီးက ကြည့်လို့ မကောင်းဘူး ရုပ်ဆိုးတယ်လို့ပါ ပြောလို့ရတယ် ။ သူမနားဖြတ်သွားတဲ့ အမျိုးသားတွေ သူမကို မကြည့်ချင်ကြဘူး အမျိုးသမီးတွေက နူတ်ခမ်းပိတ်ပြီး လှောင်ရယ်ကြတယ် ဆိုးသွမ်းတဲ့ ကလေးတချို့က သူမဘေးမှာ ရုပ်ဆိုးမဆိုပြီး စနောက်နေကြတယ်။ ထိုအမျိုးသမီးကတော့ ဘာမှပြန်မပြောဘူး ခေါင်းသာငုံ့ပြီး ပန်းချည် ဆက်ထိုးနေတယ် ။ လူတချို့က လမ်းကြုံလို့ ဝယ်မယ်ဆို သူမ က အနီရောင်မွေးရာပါအမှတ်မရှိတဲ့မျက်နှာဘက် လှည့်ပြပြီး ငွေဘယ်လောက်လဲ ဆိုတာ ပြောပြနေတယ် ။
 
နှစ်နာရီအတွင်း အမျိုးသမီးက ပန်းထိုးထည် ဆယ်ခုကျော် ရောင်းထွက်ပြီလေ ။ သူမရဲ့ ညာဘက်မျက်နှာမှာ အနီရောင် မွေးရာပါ အကွက်ကြီးတကွက်က မျက်လုံးအပါ မျက်နှာ တခြမ်းလုံးနီးပါး အုပ်ထားတယ် ။ ယန်းမူန်စဉ်းစားတယ် သူမရဲ့ ပန်းထိုးထည်က ကောင်းမှာသေချာတယ် မဟုတ်ရင် သူမနား ဝယ်ယူသူရှိမှာ မဟုတ်ဘူး ။ ယန်းမူန်ကလည်း လူကြမ်းလေ ပန်းထိုးထည်တွေ နားမလည်ဘူး ဒါပေမဲ့လည်း ထိုအမျိုးသမီး ပန်းထိုးထားတာ ကောင်းတယ်လို့ ထင်မိတယ် အနည်းဆုံးတော့ ကျွင်းဟုန်က ဘုရင့်အတွက် ထိုးပေးတဲ့ပိုးကောင်လား ခေါက်ဆွဲလားမသိတဲ့ အမွှေးထည့်ထားတဲ့ အမွှေးထုပ်ထက်တော့ ကြည့်ကောင်းသေးတယ် ။ ဒါပေမဲ့ ကျွင်းဟုန်ပြောတာက အဲ့ဒါက မြွေတဲ့ ၊ သူတို့ကလည်း အမှန်တော့မြွေလို့ပြောရတာပေါ့ ။ အဲ့ဒါက ဘုရင့်ကို ကျွင်းဟုန်ရဲ့ တခုတည်းသော ထိုးပေးသော ပိုးထည်ပစ္စည်းလေ ၊ အဲ့တာမြွေမဟုတ်ဘူးလို့ ပြောရဲရင် ဘုရင်က ‌ကျောကော့အောင်ရိုက်ပြီး အရေပြားပါခွာမှာပေါ့ ။
 
ကလေးတချို့က အထိန်းအကွပ်မရှိ ထိုအမျိုးသမီးရဲ့ဘေးမှာ ကစားနေကြတယ် ကလေးနှစ်ယောက်က အမျိုးသမီး ပန်းထိုးထည်တွေ တင်ထားတဲ့ စင်ကို တိုက်ချလိုက်တယ် ။ အမျိုးသမီးက အမြန်သွားထူလိုက်တယ် ထိုကလေးတွေက ကြမ်းပေါ်ကျလာတဲ့ ပန်းထိုးထည်တွေကို မရှောင်တဲ့အပြင် ပန်းထိုးထည်ပေါ် နင်းလိုက်သေးတယ် ။ ယန်းကျွမ့် ငွေစတွေ ချန်ပြီး အရက်ဆိုင်ထဲကနေ ထွက်လာခဲ့ပြီး လက်တဖက်ဖြင့် ကလေးတယောက်အင်္ကျီစကို ဆွဲပြီး ပစ်ထုတ်လိုက်တယ် ။ မြေပေါ်ပြုတ်ကျလို့ တဝါးဝါးငိုသွားတဲ့ ကလေးယောက်ျားလေးကို ဂရုမစိုက်ပဲ ယန်းကျွမ့်က နှစ်ချက်သုံးချက်ဖြင့် စင်ကို တမင်သက်သက်ဝင်တိုက်နေတဲ့ ကလေးတွေအားလုံးကို ပစ်ထုတ်လိုက်တယ် ။ ကလေးတွေရဲ့ တဝါးဝါး ငိုသံကြောင့် အိမ်ထဲကနေ ပြေးထွက်လာတဲ့ မိဘတွေကို အေးစက်စက်နဲ့ ကြည့်လိုက်ပြီး တဖက်သူတို့ လန့်ကာ အသံတိတ်သွားမှ သူ ခါးကိုင်းကာ ပေနေတဲ့ ပန်းထိုးထည်တွေကို ကောက်ပေးလိုက်တယ် ။
 
" ကျေးဇူးတင်ပါတယ် အစ်ကိုလေး "
အမျိုးသမီးက မျက်နှာ ဘေးစောင်းပြီး မျက်လွှာချကာ စိတ်ကောင်းရှိသူရဲ့လက်ထဲက အနင်းခံထားရသော ပန်းထိုးထည်များကို လက်လှမ်းပြန်ယူလိုက်တယ် ။

 " မင်းနာမည် ဘယ်လို ခေါ်သလဲ ? "

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now