99

3.9K 527 24
                                    


   တချို့နေရာလေးတွေမှာ တုန့်ပြန်မူနှေးတာကို ယွဲ့ချုံ ကိုယ့်ကိုကိုယ် သိပါတယ် အဲ၊ ‌‌တချို့ မဟုတ်ဘူး အများကြီးပါ ။ သူက တုံ့ပြန်မူ တော်တော်နှေးပါတယ် ဒါပေမဲ့ သူ့သူ ဒီလောက်ထိ တုံးလိမ့်မယ်လို့မထင်ဘူး ! ဟုန်ရှီ ၊ဟုန်ထိုက် က ဘယ်တုန်းက သိုင်းတတ်သွားတာလဲ ? တတ်ရုံမကဘူး အလွန့်အလွန်ကို တော်နေတာ ! သူအဲ့တာကို မသိဘူး !
 
  " ဟုန်ရှီ ၊ဟုန်ထိုက် ! ရပ်တော့ ! မင်းတို့လည်း ရပ်တော့ !"

    ရှောင်ယောင်းနိုးတော့မယ် ဆိုတာ မြင်တော့ ယွဲ့ချုံ ‌ခြင်္သေ့ဟိန်းသလို အမြန်ဟိန်းလိုက်တယ် ။ ဟုန်ရှီ ၊ဟုန်ထိုက် တိုက်ခိုက်မူကို ရပ်လိုက်ပြီး သူ့ရှေမှာ ကာထားပေးပြီး ရုတ်တရက်ထွက်လာတဲ့ ဝတ်စုံနက်နဲ့ လူများကလည်း ရပ်လိုက်တယ် ။

 ကိစ္စက ဒီလိုပါ ။ ယွဲ့ချုံ က လှေဝမ်းထဲဝင်ပြီး အိပ်တော့မို့ လုပ်တဲ့အချိန် သူတို့နောက်ကနေ သံသယဝင်စရာကောင်းတဲ့ လှေနှစ်စီးက ရုတ်တရက် ထွက်ပေါ်လာတယ် ပြီးတော့ ထိုလှေပေါ်က လူတွေက ဘာအကြောင်းမှ မရှိပဲ သူတို့လှေပေါ်ပြေးတက်လာတယ် ။ သူတို့ ထွက်ပေါ်လာတာနဲ့ စကားတောင်မပြောရသေးဘူး ဟုန်ရှီ ၊ဟုန်ထိုက်နဲ့ တပ်သားတို့က လက်နက်ဆွဲပြီး တိုက်ခိုက်ကြလေပြီ ။ သူက သိုင်းတော့ မတတ်ပေမဲ့ လာသူတွေက ပြန်မတိုက်ပဲ ခုခံရုံပဲ လူထိချင်ပုံမရတာတော့ သူကြည့်ထွက်တယ်လေ ။

 ယွဲ့ချုံ လက်တဖက်တည်းဖြင့် ရှောင်ယောင်းကို ချီပြီး မေးတယ်
   " မင်းတို့က ဘယ်သူလဲ ? "

 တဖက်က ခေါင်းဆောင်က လက်သီးနှစ်ဖက်ဆုပ်ကာဂါဝရပြုရင်း ရိုသေစွာပြောတယ်
    " ကျနော်မျိုးရွှီလီထျန်းပါ ၊ အရှင် နဲ့ ကုအရှင် ရဲ့ အမိန့်နဲ့ သခင်လေးနဲ့ သခင်ငယ်လေးကို လာကြိုတာပါ "

 ဟုန်ရှီ ဟုန်ထိုက် မျက်နှာတွေ ထိတ်လန့်ပုံ ပြောင်းသွားပြီး လက်ထဲက ဓါးကို တင်းကြပ်စွာ ကိုင်လိုက်တယ် ။
   ရွှီလီ ? ယွဲ့ ရင်ထဲဒိတ်ကနဲဖြစ်သွားတယ်
   " မင်းတို့ သက်သေပြစရာ ပါလား ? "

 ရွှီလီထျန်း ချက်ချင်း ရင်ဘတ်ထဲကနေ သက်သေတခု ယူထုတ်လာတယ် စာတစောင်ပါ ပါသေးတယ် ။ဟုန်ရှီ လက်ခံယူလိုက်ပြီး ဘာပြဿနာမှမရှိတာကို ကြည့်လိုက်ပြီးမှ သခင်လေးကို လှမ်းပြောလိုက်တယ် ။ ပွဲကြည့်သလိုကြည့်နေတဲ့ ရှောင်ယောင်းကို ဟုန်ရှီလက်ထဲကို ပေးလိုက်ပြီး ယွဲ့ချုံ စာကို တခါတည်း ဖွင့်ဖတ်လိုက်တယ် ၊ အဲ့ဒီလို သက်သေပစ္စည်း သူလည်းရှိတယ်လေ ဒါပေမဲ့ အခုတော့ ရှောင်ယဲ့ကျုးနားမှာပါ။ စာဖွင့်ဖောက်လိုက်တာနဲ့ ရင်းနှီးတဲ့စာလုံးတွေက စာရွက်ပေါ်မှာ မြင်ရတာမို့ ယွဲ့ချုံ မျက်ဝန်း ချက်ချင်းနီသွားတယ် အသက်ရူသံတွေပြောင်းသွားတယ် ။ စာထဲမှာ စာတိုတိုသာရေးထားတယ် 
  : ယျိုးအော် , အဖေ မင်းကို အရမ်းသတိရတယ် အဖေ မင်းနဲ့ ရှောင်ယောင်းနဲ့ကို တွေ့ချင်တယ် ၊ အဖေ မင်းကို ရွှီလီထျန်းနဲ့ ကြိုခိုင်းလိုက်တယ် အဖေ မြူတိုက်ကျွန်းကနေ စောင့်မယ်။

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now