extra 6.1

3.3K 516 21
                                    

ရှောင်ယောင်းကွိုက် အပိုင်း ၁.၁

တနှစ်တာရဲ့ အပူဆုံးအချိန်မို့ မြို့တော်မှာ ခြောက်သွေ့ပူပြင်းလွန်းနေတယ် ၊ လူတွေလည်းပူလွန်းတာမို့ ကြက်ကင်ဖြစ်တော့မဲ့ ခံစားချက်ရနေတာကြောင့် အရိပ်ထဲထိုင်ပြီး ဖရဲသီးသာ ထိုင်စားချင်နေကြတော့တယ် ။ အလုံးထူထူသစ်ကိုင်းတကိုင်းပေါ်မှာ လှဲနေတဲ့ ဆယ့်ကိုးနှစ်ရှိပြီဖြစ်သော ယန်းရှောင်ယောင်း က ပုစဉ်းရင်ကွဲအော်သံကို နားထောင်‌နေပြီး ရေခဲခန်းထဲက ခိုးထုတ်လာတဲ့ ဖရဲသီးကို ကိုက်နေလေပြီ ၊ ဖရဲသီးအေးအေးစားပြီး ခြေလေးချိတ်ကာ လွတ်လပ်မူကို ခံစားနေလေသည်။
 
ဖခမည်းတော်က အသက် ၅၀အရွယ်ရောက်ပြီဖြစ်သော်လည်း အိမ်ရှေ့စံဖြစ်တဲ့ယန်းရှောင်ယောင်း ကတော့ နောက်နှစ်အနည်းငယ်မှာ သူ့ရဲ့ လွတ်လပ်စွာနေရတဲ့ ဘဝကနေ နန်းတက်ရတော့မှာကို တစက်မှစိတ်မပူနေဘူး ။ ဖခမည်းတော် ဒီနှစ်တွေမှာ ကိုယ်ခန္ဓာက ပိုတောင့်တင်းလာသည်မို့ ဘယ်လိုပြောပြော နောက်နှစ် နှစ်ဆယ်သုံးဆယ်ထိ တောင့်ခံနိုင်လောက်သေးတယ် ၊ အဖေကလည်း သူ့ရဲ့ ဖခမည်းတော် စောင့်ရှောက်မူကြောင့် ကိုယ်ခန္ဓာကတော့ မပြောင်းဘူး၊ အကကရတာနှစ်သက်သည်မို့ ပိန်ပိန်ပါးပါးပဲဖြစ်ပေမဲ့လည်း မျက်နှာပေါ်က သွေးရောင်တွေကြည့်ပြီး ဖခမည်းတော်နဲ့ အတူ ဖြတ်သန်းဖို့ကလည်း နောက်နှစ် နှစ်ဆယ် သုံးဆယ်ကလည်း ပြဿနာမရှိနိုင်ဘူး ။ ဒါကြောင့် သူ့ရဲ့ နေ့‌ရက်ကောင်းတွေ အများကြီးရှိသေးတယ်လေ ။
 
ယန်းရှက ယန်းရှောင်ယောင်းကို အစည်းအဝေးသဘင် နေ့တိုင်းမတက်ခိုင်းဘူး ၊ ပြီးတော့ ယန်းရှောင်ယောင်းလည်း မလုပ်နိုင်ဘူးလေ ။ အပတ်တိုင်းမှာ သုံးရက်‌လောက် အစည်းအဝေးသဘင် တက်ရင်ရပြီ ထိုအပေါ် မှာတော့ ယန်းရှောင်ယောင်း ကိုယ့်အလုပ်ကိုယ်သိကာ ဖခမည်းတော်နဲ့ ဈေးမစစ်တော့ဘူး အကယ်၍ သူ့ ဖခမည်းတော် စိတ်တချက်တိုပြီး သူ့ကို နန်းတက်ခိုင်းလိုက်ရင် သွားပြီ ။ ယန်းရှောင်ယောင်း ဘုရင် မလုပ်ချင်ဘူး ဘုရင်လုပ်ရင် သူ မလွတ်လပ်တော့ဘူး ၊ တဦးတည်းသော ညီ ယန်းရှောင်ကွိုက်ကလည်း သိတတ်တဲ့အရွယ်ကတည်းက ရှင်းရှင်းလင်းလင်း ပြောထားတယ်
: အတူတူ ခိုးစားမယ် ရတယ်
: အတူတူ ရန်ဖြစ်မယ် ရတယ်
: သူ့ကို နန်းတက်ပြီး ဘုရင်လုပ်ခိုင်းမယ် မစဉ်းစားနဲ့ !
 
ရှောင်ကွိုက်မွေးထွက်လာကတည်းက အဖေက အမြဲသင်ထားတာက ညီလေးကို ချစ်ပါ အစ်ကိုတော် တာဝန်ကို ကျေပွန်ပါ ဒါ့ကြောင့် ယန်းရှောင်ကွိုက်တောင် ဒီလိုပြောမှတော့ သူလည်း အတင်းလုပ်လို့မရတော့ဘူး၊ ဟူးးးး, ဘုရင်လုပ်မဲ့ ကိစ္စကို ရှောင်ကွိုက်နဲ့ ဗြောင်တောင်တောင် ဗေဗေဂျိလုပ်ပြီး ရူံးတဲ့သူ ဘုရင်လုပ်ကြေးဆို ကောင်းမှာပဲ ။ ဒါပေမဲ့ ယန်းရှောင်ယောင်းက ပြောရဆိုရ လွယ်သူလေ ဘုရင် လုပ်ရတာပဲမလား ကိစ္စကြီးက ဝန်ကြီးတွေကိုပေးလိုက် အလယ်အလတ်ကိစ္စတွေက အတိုင်ပင်ခံ ဟိုလူယုတ်မာကိုပေး ၊ ကိစ္စသေးက မူးမတ်တရာကို ပေးလိုက် အကယ်၍ တချို့တွေ သောင်းကျန်းချင်တယ်ဆို ရှောင်ကွိုက်ကို ပေးလိုက် ရင်ရပြီ၊ အမှန်တော့ သူ့ကိစ္စ မရှိဘူးပဲ ။
 
" အစ်ကိုတော် ၊ အစ်ကိုတော်.... "

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now