105🔥

5K 557 29
                                    


  အနီရောင်လွှင်လွှင်နဲ့ မီးပုံးတွေ မင်္ဂလာစကားတွေနဲ့ ရယ်သံတွေကြားထဲမှာ ယွဲ့ချုံက မျက်ဝန်း ကွေးကွေးလေးနဲ့  ရှက်နေတဲ့ အမေ့မျက်နှာကို ကြည့်လိုက် ၊ ဝမ်းသာစွာရယ်နေတဲ့ ဆရာကိုကြည့်လိုက် ၊ အရက်တောင်မသောက်ထားပေမဲ့  မျက်ဝန်းထဲမှာရီဝေနေသော အဖေ နဲ့ တခွက်ပြီးတခွက် ခွက်ချင်းတိုက်သမျှ သောက်‌နေသောရွှီဦလေးတို့ကို ကြည့်နေတယ် ။ ဟိုနေ့ရွှေးလိုက် ဒီနေ့ရွှေးလိုက်နဲ့ နေ့ရက်ကောင်းကို ခုနှစ်လပိုင်း လဆန်းရှစ်ရက်ရဲ့ ရက်ရာဇာမှာ မင်္ဂလာရက်ကို သတ်မှတ်လိုက်တယ် ။ အမေနဲ့ ဆရာ မင်္ဂလာဆောင်ပြီ ။  ကျွန်းပြည်သူပြည်သားတွေကိုလည်း အဖေနဲ့ ရွှီဦးလေးတို့သည် သူတို့က လင်မယားဖြစ်ကြောင်း ထုတ်ပြန်လိုက်တယ် ။
 ဒါတွေက မင်္ဂလာဆောင်သူနှစ်ဦးရဲ့ ပျော်ရွှင်ခြင်းနဲ့ ချမ်းမြေ့ခြင်းတွေလား သူ မင်္ဂလာဆောင်တဲ့ ညနဲ့ ခံစားချက်လည်း လုံးဝ မတူဘူးကော ။ စိတ်ချမ်းမြေ့နေတဲ့ အမေနဲ့ အဖေကို ကြည့်ပြီး ယွဲ့ချုံလည်း ချမ်းမြေ့လာလေတယ် ။ ယန်းရှောင်ယောင်းကတော့ အပျော်ဆုံးပေါ့ ဂျိုင်းပြတ်လေး ထပ်ထားတဲ့သူက ခုနှစ်လရှိပြီလေ ထိုင်တတ်ပြီ လေးဖက်ထောက်သွားတတ်ပြီ အဖေ့ရဲ့လက်ကို ကိုင်ပြီး ထရပ်တတ်လေပြီ ။

 ယန်းရှရဲ့ ခွဲခွာတာ သုံးလနဲ့ ဆယ့်သုံးရက်ရှိပြီ ထိုလူ အခု ကောင်းရဲ့လား မသိဘူး ထိုလူက သူ့ကိုလာကြိုတဲ့လမ်းမှာလားမသိဘူး ။ အချိန်တိုတိုသုံးလအတွင်း ထိုလူက တိုင်းပြည်ကို အကုန်မသိမ်းနိုင်သေးဘူးထင်တယ် ။ အမေရဲ့ရယ်သံလွှင့်လာတယ် လူတယောက်က အမေ့ကို ဂုဏ်ပြုအရက်လာတိုက်နေတာ ဆရာကအမေ့အစားသောက်ပေးနေတယ် ။ ဆရာက အမေ့အစား ထိုအရက်ခွက်ကို သောက်ပြီးနောက် အမေ့မျက်လုံးထဲမှာ ချိုမြိန်ခြင်းတွေ ရှက်သွေးဖြာခြင်းတွေသန်းသွားတယ် ။

 နှစ်ပေါင်းများစွာက ထွင်မပြီးခဲ့တဲ့ ပြည့်စုံခြင်းမင်္ဂလာအကကို တဖြည်းဖြည်း ရှင်းလင်းလာသလိုပဲ ။ ယွဲ့ချုံရဲ့ မျက်လုံးထဲမှာ အမေ နဲ့ အဖေရဲ့ ပျော်ရွှင်ခြင်းနဲ့ ချမ်းမြေ့ခြင်းတွေနဲ့ နားထဲမှာက စည်ကားဆူညံနေတဲ့ အသံတွေမဟုတ်တော့ဘူး သံစဉ်တချက်ချင်းစီဖြစ်တယ် ဗုံသံတချက်ချင်းစီ ဖြစ်တယ် ။ သူ့လက်တဖက်သုံးမရကတည်းက စိတ်ကြိုက်မကရတော့တာမို့ ဗုံသံက သူအနှစ်သက်တူရိယာဖြစ်လာတယ် ။

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now