extra 10.3 Unicode

1.8K 152 8
                                    

တချို့ Wattpad တွေမှာ zawgyi ပဲဖြစ်နေတယ် ဆိုလို့ပါ

အတိုင်ပင်ခံ အပိုင်း ၁.၃

" အဲ့ဒီညမှာ ငါက လျို့ဝှက်ခန်းထဲမှာ ယျိုးအော်ကို စောင့်နေခဲ့တယ် စောင့်နေတာ မလာမလာ ဆိုတော့ ငါလည်း စိတ်ပူလာခဲ့တယ် ။ ယျိုးအော် ဘယ်တော့ မှ နောက်မကျခဲ့ဘူး တချက်မှ အကြောင်းမကြားပဲ ငါ့ကို မစောင့်ခိုင်းတတ်ဘူး ငါလည်း ‌မစောင့်ပဲ သွားမရှာရဲဘူး ၊ သူတခုခုကြောင့် အချိန်လင့်သွားတာလားပေါ့ ? ဒါမှမဟုတ် မိဖုရားခေါင် ပဲ တွေ့သွားလို့လား ? မိုးလင်းတဲ့ အထိ စောင့်တာတောင် ယျိုးအော် မလာခဲ့ဘူး ။ ငါ လျို့ဝှက်လမ်းထဲက ထွက်လာခဲ့ပြီး ယျိုးအော်ရဲ့ အိပ်နန်းဆောင်ကို သွားကြည့်ချင်တာ အိပ်နန်းဆောင်ဘေးမှာ အားလုံးက ကိုယ်ရံတော်တပ်သားတွေ ချည်းချည်းပဲ သမားတော်တွေကလည်း ဝင်ဝင်ထွက်ထွက်နဲ့ ၊ တခုခုဖြစ်ပြီဆိုတာ သိလိုက်ပြီ "

" နန်းတွင်းထဲမှာ ဘုရင်တွေရဲ့ ဆရာကပဲ အနောက်နန်းဆောင်ထဲကို ဝင်လေ့ရှိတာမို့ ငါ့ရဲရာထူးက အဆင်မပြေဘူး ။ ငါ နန်းတော်ကနေ တိတ်တိတ်လေး ပြန်ထွက်ပြီး သတင်းတွေ စုံစမ်းခိုင်းလိုက်တော့ ပြန်ကြားရတဲ့ သတင်းက ကူနျန်အဲ့ကလေကချေက အကခန်းထဲကို အတင်းဝင်ခဲ့တာတဲ့လေ။ ယျိုးအော်ကို သူဘာလုပ်ခဲ့တာလည်း ဘယ်သူမှ မသိဘူး သိရတာက မိဖုရားခေါင်ကြီး အမှီသွားတဲ့အချိန် လန့်လွန်းလို့ မူးလဲသွားတော့မယ်တဲ့ ။ ကုနျန် ၊ ယျိုးအော်၊ မိဖုရားခေါင်တို့ကသာ အဲ့နေ့ ဘာဖြစ်သွားတာလဲ သိကြမယ် "
 
" ကျနော်အမတ်အို အသက်ဒီလောက်ရှိပြီ ၊ ဟို ဘိုးတော်ကြီးကလွဲပြီး ဘယ်သူကိုမှ မနှိပ်စက်ဖူးဘူး ။ တကယ့် ရင့်ချွမ်အစစ်ကိုတောင် ငါ သိပ်မနှိပ်စက်ခဲ့ဘူး ။ ဒါပေမဲ့ ငါ အဲ့နေ့က ကူနျန်ကို ကောင်းကောင်းနှိပ်စက်မလို့ပဲ ။ ငါ အဲ့ညက ကူနျန် ရဲ့ အိမ်တော်ကို သွားပြီး သူ့ရဲ့ နံရိုးတချောင်းချင်းစီ ရိုက်ချိုးခဲ့တယ် သူ့ရဲ့ အသားတတုံးတောင် လှီးခဲ့တာတောင်မှ သူ ယျိုးအော် အပေါ် ဘာလုပ်ခဲ့လည်း မပြောချင်ဘူး ။ အကယ်၍ အစောင့်သာ မလာခဲ့ရင် အဲ့ညမှာတင် ငါ ကုနျန်ကို ငါနှိပ်စက်ပြီး သတ်လိုက်တယ် ! "
 
ပြောတာဒီကို ရောက်တာနဲ့ ရင့်ချွမ် မေးစေ့ကို ပွတ်ကာ ခဏအမောဖြေလိုက်ပြီး
" တော်သေးတာက သူ့ကို အဲ့အချိန်တုန်းက သေအောင်မလုပ်ခဲ့မိလို့ပေါ့ သေမဲ့အစား ရှင်နေတော့ ကစားလို့ကောင်းတာပေါ့ "
ဒါပေမဲ့ သူ့မျက်နှာထားက ကြောက်ဖို့ကောင်းနေပြီး အသံကလည်း ကြောက်စရာကောင်းနေတယ်
" သူယျိုးအော်ကို ထိခဲ့တာလား ? "
 
ယန်းရှ ကလည်း အေးစက်လွန်းနေသော မျက်နှာထားဖြင့်
" မင်း ယျိုးအော် ဘယ်လို သဘောထားတာလဲ ? ! "
ကြည်ရတာ စိတ်မချသေးဘူးပဲ ။
 
ရင့်ချွမ် အလွန်တည်တံ့စွာ ပြောတယ်
" ယျိုးအော်က ကျနော်အမတ်အိုရဲ့ ရတနာလေးပါ ။ ကျနော်အမတ်အိုရဲ့ကိုယ်ထဲက ပိုးထက် မအိုမသေတဲ့ ထက်တန်ဖိုးထားရမဲ့ ရတနာပါ "

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now