104

4.3K 574 48
                                    

     ကုနျန်နဲ့ ကျယ့်ရင်ကျုံ တို့က သူတို့ရဲ့ နှစ်သိန်းသော မြင်းတပ်တွေကို အဲ့လောက်ထိလျှင်မြန်စွာ ဆုံးရူံးရမယ်လို့ မထင်ထားကြဘူး ယန်းရှကအသက်ရှင်နေသေးရုံမက  ဟေဲာကျန့်ကို အရှင်ဖမ်းပြီး ချန်ဖိန်မှာပဲ သူတို့ကို စောင့်နေရှာတယ် ။ မြင်းပေါ်ကနေ တခါမှ သူ မနှစ်သက်ဖူးတဲ့ အဲ့ဒီမျိုးမစစ်ကိုကြည့်ရင်း ယန်းရှရဲ့ အချစ်တော်ဖြစ်တဲ့ယျိုးအော်ရဲ့ မျက်လုံးနဲ့ တပုံစံတည်း တူတဲ့ သူကို ကုနျန်စဉ်းစားမိပြီး နူတ်ခမ်းလျှာလျှက် နေမိသေးတယ် ။

 ထိုလုပ်ရပ်ကို မြင်သည်နှင့် ယန်းရှ မျက်လုံးစိမ်းတွေ ချက်ချင်းအေးစက်သွားပြီး သူလက်ဟန်ပြလိုက်သည်နှင့် ယန်းမော့ နဲ့ ယန်းကျွမ့် တို့က ခြေနှစ်ဖက်ကျိုးသွားတဲ့ ဟေဲာကျန့်ကို အရှေ့ကို ဆွဲထုတ်လာတယ် ။ ဟေဲာကျန့်ကို တွေ့တာနဲ့ ကျယ်ရင့်ကျုံမျက်နှာပျက်သွားတယ် ။ ယန်းမော့ နဲ့ ယန်းကျွမ့် တို့က ဟေဲာကျန့်ကို မြေပေါ်မှာ ဖိထားပြီး သွားအကုန်ရိုက်ချိုးခံထားရတဲ့ ဟေဲာကျန့်က တအားအား နဲ့ အော်နေတယ် ။ယန်းရှက တူကို ယူလာ‌ပေးတာနဲ့ ယန်းမော့ နဲ့ ယန်းကျွမ့် တို့က ဟေဲာကျန့်ရဲ့ လက်နှစ်ဖက်ကို မြေပေါ်မှာ အသေဖိထားပြီး ယန်းမူန်က တူကိုလှမ်းယူလိုက်ကာ မြှောက်ပြီး ထုချလိုက်တယ် ။

 " အားးးးးး! "

 ‌နာကျင်တဲ့အော်သံက ကျောချမ်းစရာပဲ ၊ထပ်ပြီး ယန်းမူန် နောက်တချက်ထပ်ထုတယ် ။ထိုနှစ်တုန်းက ဟေဲာကျန့်က လူတယောက်ကို လုပ်ခဲ့တဲ့အတိုင်း ယန်းမူန်က တချက်ချင်းစီ ဟေဲာကျန့်ရဲ့ လက်မောင်းကို လက်မတွန့်ပဲ ထုချနေတယ် ။ဟေဲာကျန့်ရဲ့ လက်မောင်းနှစ်ဖက်လုံး‌သွေးတွေနဲ့ ကြေသွားတာကို ကုနျန်နဲ့ ကျယ်ရင့်ကျုံတို့ မျက်နှာ ဖြူဆွတ်စွာနဲ့ ကြည့်နေမိပြီး ယန်းရှပြောတာကို ကြားလိုက်တယ်

    " ကျယ်ရင့်ကျုံ၊ လွန်ခဲ့တဲ့ခြောက်နှစ်က ရန်ငြိုးကို မင်းနဲ့ငါ အပြတ်ဖြတ်သင့်ပြီ "

 ကျယ်ရင့်ကျုံ လည်း အေးစက်စွာ ပြောတယ်
      " လိဦးရီးတော် ယန်းရှက ယောက်ျားပီသတယ်ပြောကြတယ် ဒါပေမဲ့လည်း နွေးထွေးရင်ခွင်ထဲမှာ ညို့ချက်မိနေသူတဦးပဲ ။ အချစ်တော်တဦးပဲကို မင်းက အခုထိ စိတ်ထဲထားနေသေးသလား ။ အဲ့တုန်းကတည်းက ငါပြောခဲ့ပြီးပြီပဲ အထင်လွဲမူ တခုပါလို့။ လောကကလူတွေကို မင်းတော်လှန်တာက သာမန်ရုပ်ရည်နဲ့အချစ်တော်တဦးအတွက်လို့ သိရရင် မင်းကဘယ်မျက်နှာနဲ့ ငါတို့ကို ရင်ဆိုင်တိုက်ခိုက်မှာလဲ "

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now