extra 6.2🔥🔥

4.2K 479 29
                                    

 ရှောင်ယောင်းကွိုက် အပိုင်း ၁.၂

ထိုညမှာပဲ စစ်တိုက်ထွက်ဖို့ကိစ္စတခုကို မူးမတ်များနှင့် တိုင်ပင်ဆွေးနွေးပြီးတဲ့ ယန်းရှက အချိန်မှန်ပဲ အိပ်နန်းဆောင်ကို ပြန်ကာ ညစာအတူ စား‌သုံးတော့တယ် ။

ထမင်းဟင်းက နန်းတော်ထဲကလို ထင်သလိုမျိုးမခမ်းနားနေဘူး ၊ အထူးချက်ထားတယ်လို့ပဲ ပြောလို့ရမယ် ဒါပေမဲ့ အရေအတွက်က နှစ်ယောက်တနပ်စာ စားလို့လောက်တယ်လေ ။ ယွဲ့ချုံက ကိုယ်စားလို့ကျန်တဲ့အရာတွေကို ဟုန်ရှီ၊ ဟုန်ထိုက်တို့ကို မကျွေးချင်ဘူး ၊ အလဟဿဖြစ်တာမျိုးတွေ ပိုမလုပ်နိုင်ဘူး ။ ပုံမှန်အချိန်မှာ ငွေများများစုထားမှ ကိစ္စတွေရှိချိန် မပြာမှာလေ ။ ဒီလို ချွေတာတဲ့ အကျင့်ကို ဘုရင်ကနေ တိုင်းသူပြည်သားအထိလုပ်ဆောင်ခဲ့ပြီး ထိုအကျင့်က လိနိုင်ငံတည်ထောင်ခဲ့သော ဆယ်စုနှစ်တွေမှာ ကြုံခဲ့ရသော ‌ကပ်ဘေးများကို ပြည့်ဝသော တိုင်းပြည်ဘဏ္ဍာကြောင့် အေးချမ်းစွာကျော်လွှားနိုင်ခဲ့ပေသည်။ ထို့ကြောင့် တိုင်းသူပြည်သားများက သူတို့ရဲ့ ဘုရင် နဲ့ ကျွင်းဟုန်ကို အထူးချစ်ခင်လှသောကြောင့် အတုယူကြသည် ။ လာဘ်စားလိုသော မူးမတ်များကို တိုင်ကြားသူရှိသည်နှင့်လည်း ယန်းရှက ပြင်းထန်စွာအပြစ်ပေးလေသည်။ လိဝေးဘုရင်ရဲ့ အုပ်ချုပ်မူအောက်မှာ လိဧကရာဇ်တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ်ကောင်းမွန်သည် ၊ ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်သည် ၊ တိုင်းပြည်တိုးတက်သည် ၊ နေရာဒေသအများတွင်ပင် လမ်းပေါ်အဖိုးတန်ပစ္စည်းကျလျှင်ပင် မကောက်ကြပေ ၊ ည အိပ်လျှင် တံခါးမပိတ်လည်းရလေသည်။
 
နန်းတက်ဝတ်စုံကို လဲပြီးတဲ့ ယန်းရှတို့ နှစ်ယောက်သား ထမင်းစားပွဲဘေးတွင် ထိုင်ချလိုက်သည် ။ ယွဲ့ချုံ က သူ့ကို အရက်အိုးသေးတအိုးချပေးလိုက်တယ် ၊ ယန်းရှက စားဖွယ်ရာများ သုံးဆောင်ချိန်တွင် တခွက်လောက်‌ သောက်လေ့ရှိတယ် ။ ယန်းရှက ယွဲ့ချုံ ကို ဟင်းရည်ခပ်ပေးလိုက်ပြီး သူ့ရဲ့ ပန်းကန်လုံးထဲကိုပါ ကြိုက်တတ်တဲ့ ဟင်းတွေ ထည့်ပေးလိုက်တယ် ။ ကိုယ့်ပန်းကန်လုံးအကြီးကြီးထဲက ခေါက်ဆွဲတချို့ကိုပါ ယွဲ့ချုံ ပန်းကန်လုံးအသေးထဲ ထည့်ပေးနေချိန် ယွဲ့ချုံ မေးတယ်

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now