extra 8.2 Unicode

2.6K 403 23
                                    


  ရှောင်ယောင်းကွိုက် ၃.၂

    တပ်နှစ်တပ် ရင်ဆိုင်ယှဥ်တိုက်ဖို့ အချက်ပေးသံတခုသာ လိုတော့သည် ။ အစက မြို့ကိုသာ ပိတ်တိုက်ဖို့ စီစဉ်ထားတဲ့ ချာချာမုက သူ့ရဲ့ မြင်းတပ်တွေကို လိတပ်နှင့် ရင်ဆိုင်ယှဥ်တိုက်ဖို့  ခွန်းကျိုးမြို့ပြင်သို့ ခေါ်ဆောင်ထွက်ရလေပြီ ၊ ဒီလို ယှဉ်တိုက်မှသာ မင်းသားနှစ်ပါးကို ‌ကယ်ထုတ်နိုင်မှာ ဖြစ်တယ် ။ ခွန်းကျိုးမြို့ကို တိုက်ချိန်တွင် တပ်သားနှစ်သောင်းကျော်ကို ဆုံးရူံးခဲ့တာကလွဲပြီး သူအခု တပ်ချထားတဲ့နေရာကို တခြားနယ်လေးနယ်က တပ်သားတွေအားလုံး စုဆောင်းထားရာ စုစုပေါင်း တစ်သိန်းရှစ်သောင်းသော အင်အားရှိလေသည်။
 
   အရှေ့ဘက်က လိတပ်ထဲကို ကြည့်လိုက်ချိန်တွင် တပ်ကိုဦးဆောင်တဲ့ ငယ်ရွယ်သောစစ်သူကြီးတို့ရဲ့ ကလေးမျက်နှာပင်မပျောက်သေးတာကိုမြင်ရမည်။ ချာချာမု သွားသွားလာလာကြည့်လိုက်ပြီး တဲလ်ဆန့်ဦးရီးတော်ဖြစ်တဲ့ ယန်းရှောင်ကွိုက်ကို အလွယ်တကူမြင်တွေ့လိုက်သည်။ ထို မျက်လုံးစိမ်းတစုံက လိတိုင်းပြည် မင်းဆက်တို့ရဲ့ အမှတ်အသားဖြစ်တယ် ။ ဒါပေမဲ့ သူနောက်ထပ်မျက်လုံးစိမ်းတစုံကို မတွေ့နေဘူး။၊ ထိုအိမ်ရှေ့စံကို အကာအကွယ်နဲ့ ထားထားပြီ တူပါတယ် ။ တစ်သိန်းရှစ်သောင်းနဲ့ တသိန်းတွေ့တာ လိတပ်ကို သူအနိုင်တိုက်နိုင်မယ်လို့ ယုံကြည်တယ် ။ အဆိုးဆုံးက ခွန်းကျိုးကို ပစ်ခဲ့လိုက်ရုံပဲလေ အဓိကက မင်းသားနှစ်ပါးရဲ့ အသက်ကို ကယ်နိုင်ဖို့ပဲ ဒါဆိုရင် သူတို့မှာ အခွင့်အရေးရှိသေးတယ် ။
 
    ဒီလိုစဉ်းစားလိုက်တော့ ချာချာမု စိတ်တော်တော်အေးသွားတယ် ။ လိတပ်က ပရိယာယ်တွေများပေမဲ့ စစ်မြေပြင်ပေါ်မှာ ဒီလိုလှည့်ကွက်အသေးလေးတွေကို မှီပြီး အနိုင်မရနိုင်ဘူး ။အရင်းလဲ အဖျားထင်းဖြစ် ဆိုသလိုပဲ အနိုင်ရချင်ရင် ဦးဆောင်သူကို အရင်ဖမ်းရမယ် ၊ လိတိုင်းပြည် အိမ်ရှေ့စံ သို့မဟုတ် တဲလ်ဆန့်ဦးရီးတော်ထဲက တယောက်ယောက်ကို ဖမ်းနိုင်ရင် သူက မင်းသားနှစ်ပါးကို ကယ်နိုင်ပြီလေ ။ ပြီးတော့ ခွန်းကျိုးမြို့ထဲပြန်ဆုတ်သွားပြီး ဟဲ့လားက စစ်အကူတပ်ရောက်လာမှ ဒီအရှက်ကို ပြန်ချေပမယ်လေ ။ လက်ထဲက သူ့နောက်လိုက်လာတာကြာပြီဖြစ်တဲ့ လှံရှည်ကို မြဲမြဲဆုပ်ကိုင်လိုက်ပြီး
  " ဟိုမျက်လုံးစိမ်းက တဲလ်ဆန့်ဦးရီးတော်ယန်းရှောင်ကွိုက်ဖြစ်တယ် ။ သူက ရှေ့တန်းတိုက်စစ်မှူးဖြစ်တယ် သူ့ကို အရဖမ်းပါ "
 
     "ဟုတ်ကဲ့ ! "

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now