extra 7.2 Unicode

2.7K 417 17
                                    

 ရှောင်ယောင်ကွိုက် အပိုင်း ၂.၂
   
    ဖျင်တဲကန့်လန့်ကာကို ပြန်ဆွဲပိတ်လိုက်ပြီး ဆံပင်စိုနေသေးတဲ့ ယန်းရှောင်ယောင်းက မကျေနပ်နေသူကို အားထည့်ဖက်လိုက်ပြီး သူ့နားရွက်ဘေးနားမှာ ‌အသံတိုးဖြင့်ပြောတယ်
   " ဟေးဟေး , ရှောင်ကွိုက် , မင်းက အစ်ကိုတော်မျက်နှာကြည့်ရင် စိတ်ချမ်းသာတယ်လား ? "
 
     " အင်း "
      ယန်းရှောင်ကွိုက် အလွန်လေးနက်စွာ ပြောတယ်
  " အထူးသဖြင့် အစ်ကိုတော် ရယ်တဲ့ အချိန်ပေါ့ "
  ပြီးတော့ သက်ပြင်းချသေးကာ
   " နှမြောဖို့ကောင်းတာက အစ်ကိုတော် ရယ်တာ နည်းတယ် ၊ အဖေနဲ့ တစက်မှလည်း မတူဘူး "
 
    " ဒီလိုရှိတယ်လား ? "
   ယန်းရှောင်ယောင်း ကိုယ်မေးစေ့ကိုယ်ပြန်ကိုင်ကာ သုံးသပ်နေတယ် သူ့ညီက ခေါင်းကို သေချာစွာ နှစ်ချက်ငြိမ့်ပြတော့မှ သူပြောတယ်
  " ပုံမှန်က ဘာမှ ရယ်စရာရှိတယ် မထင်ဘူးလေ ။ အေးပါ ၊ နောက်ကျရင် ငါတို့ နှစ်ယောက်တည်းရှိရင် ငါ ပိုရယ်ပြပေးမယ်လေ "
ပြောပြီး ရယ်လေပြီ ။
 
   ယန်းရှောင်ကွိုက်လည်း အစ်ကိုတော်ရဲ့ အရယ်တွေကူးစက်ပြီး လိုက်ရယ်လေပြီ ၊ ပြီးနောက် စိုနေတဲ့ ဆံပင်ရှည်တွေကို ကိုင်လိုက်ပြီး
  " အစ်ကိုတော် , ညီ ဆံပင်တွေကို အကုန်ညှပ်ချလိုက်ချင်တယ် "

 " အဖေ မပေးညှပ်ဘူးလေ "
  ယန်းရှောင်ယောင်း က ယန်းရှောင်ကွိုက်ကို လွှတ်လိုက်တယ် ။

   " ဖခမည်းတော်လည်း ခဏခဏ ဆံပင်ညှပ်နေတာပဲမလား ? ရှောင်တင်းလည်း ပြောတယ်လေ စစ်သူကြီးက အပြင်မှာဆို မင်းမိန့်တချို့က လက်မခံလည်းရတယ်လေ "
   ယန်းရှောင်ကွိုက်က သူ့လက်ထဲက သူ့ဆံပင်ကို မကြိုက်ပုံဖြင့်ကြည့်ပြီး ၊နေရခက်တယ် ။
 
    " အေးပါ ၊ အစ်ကိုတော် မင်းကို ညှပ်ပေးမယ် "
ယန်းရှောင်ယောင်းက ထက်သောဓါးမြှောင်တချောင်း ယူလိုက်ပြီး ယန်းရှောင်ကွိုက်ကို ခုံပုပေါ်တွင် ထိုင်ခိုင်းလိုက်တယ်

   " တိုလေ ၊ကောင်းလေ "

 " မင်း ဘုန်းကြီးလုပ်မလို့လား ? "
 
    " ဘုန်းကြီးထက်နည်းနည်း ရှည်ရင် ရပြီ "
 
    " အင်း "
 
   ဖျင်တဲအပြင်က လူတွေကတော့ အချင်းချင်းပြန်ကြည့်မိပြီး /စစ်သူကြီးက အပြင်မှာဆို မင်းမိန့်တချို့က လက်မခံလည်းရတယ် / ဆိုတဲ့စကားက ဒီမှာသုံးတာလား ? အင်း ....ဘုန်းကြီးထက်နည်းနည်းရှည်တဲ့ ဆံပင်က ဘယ်လောက်ရှည်တာလဲ ? ဆက်နားထောင်ရင် ငယ်ကတည်းက သင်ကြားထားတဲ့ ယဉ်ကျေးမူတွေပါ ယိုင်ကုန်မှာစိုးလို့ လူတချို့ နောက်ဆုတ်ပြေးလေပြီ။ သူတို့ရဲ့ အိမ်ရှေ့စံနဲ့ တဲလ်ဆန့်ဦးရီးတော်တို့ကို သာမာန်လူအမြင်နဲ့ ကြည့်လို့မရဘူးပဲ ။
 
    ညှပ်ပြီးတဲ့ဆံပင်စတွေကို ရေနဲ့ လောင်းချလိုက်ပြီး ယန်းရှောင်ယောင်း က တဘက်စကို ယူပြီး ယန်းရှောင်ကွိုက်ရဲ့ ဆံပင်ကို ခြောက်အောင်သုတ်ပေးလိုက်ကာ အဝတ်အစားအသန့် စွပ်ပေးလိုက်တယ် ။ ဘုန်းကြီးထက် အနည်းငယ်သာ ပိုရှည်တဲ့ ဆံပင်ကို စမ်းလိုက်ပြီး ယန်းရှောင်ကွိုက် ပြုံးနေလေတယ် ၊ဒီတခါတော့ အေးမြသွားပြီ ။ ယန်းရှောင်ယောင်းက သူကိုယ်တိုင်ရဲ့ လက်ရာကိုတော့ အလွန်ကျေနပ်လေတယ်  ပထမဆုံးတခေါက်လေ နောက်ကျရင် သူ့လက်ရာပိုပို ကောင်းလာမှာပေါ့ ။ တခါတည်း ခြေဖျားထိပါ ရှည်နေတဲ့ သူ့ဆံပင်ကို တဝက်ဖြတ်ချလိုက်ပြီး ဆံထိုးတခုယူပြီး ဆံပင်ကိုအဆင်ပြေသလို ထုံးလိုက်တယ် ၊စိတ်ထဲမှာ ဆံပင်တိုသွားတာ တကယ်ပေါ့တာပဲ ။ ဒါပေမဲ့ ဆံပင်ကို ယန်းရှောင်ကွိုက်လောက်ထိ တိုဖို့တော့ သူမစဉ်းစားဘူး မြို့တော်ပြန်ရောက်ချိန် သူ့အဖေနဲ့ မွေးစားအဖေတို့ မခံနိုင်ပဲ လဲသွားမှာ စိုးပါတယ်လေ ။
 
    နှစ်ယောက်သား သိမ်းဆည်းပြင်ဆင်ပြီးတာနှင့် ဖျင်တဲကန့်လန့်ကာ ကို ဖယ်လိုက်တယ် ။ ခုနကတည်းက လဲန့်ရှောင်တင်းသူတို့တွေ သွားလိုက်ပြီဆိုတာ သိရှိနေပြီမို့ နှစ်ယောက်သား စစ်သူကြီးရဲ့ ဖျင်တဲကြီးကို ပြေးတော့တယ်၊လမ်းတလျောက်မှာ သူတို့ရဲ့ ဆံပင်ကိုကြည့်ပြီး အံ့ဩနေကြတဲ့ တပ်သားနဲ့ အစောင့်တွေကိုတော့ မမြင်ချင်သလိုပဲ ထားလိုက်လေတယ် ။
 
    ဖျင်တဲကြီးကို ဝင်လိုက်သည်နှင့် ယန်းရှောင်ယောင်းက အသီးသီး ပြူးနေကြသောမျက်လုံးများနှင့် အကျယ်ကြီးဟနေသောပါးစပ်ပိုင်ရှင်များကို အသာလေး ပြုံးပြလိုက်ပြီး သူ့ တပ်ကြပ်နေရာမှာ ဝင်ထိုင်လိုက်သည်။ မုတ်ဆိတ်ဖြူနေတဲ့ အဖိုးအိုကတော့ တဝက်လောက်တိုသွားတဲ့ သူ့ဆံပင်နဲ့ ဘုန်းကြီးထက်သာရှည်သော ဆံပင်နဲ့ ယန်းရှောင်ကွိုက်ကို စိုက်ကြည့်နေပြီး ၊ အဖေထက်သား လက်ဝါးစောင်းထက်ဆိုတဲ့ ခံစားချက်ကို ရလိုက်တယ် ။
 
    " အိမ်ရှေ့စံ , ရှောင်ကွိုက် ... "
   လဲန့်ဖျို မျက်မှောင်ကြုတ်လိုက်တယ် ။
 
    " ဒီလိုဆို အေးမြတယ်လေ "
   ယန်းရှောင်ကွိုက်က ကိုယ့်ရဲ့ ခေါင်းကို ကိုယ့်ကို ပွတ်လိုက်ပြီး ပျော်နေသေးတယ် ။
 
    ယန်းရှောင်ယောင်းကတော့ ကိစ္စကိုသာ တိုက်ရိုက်မေးတယ်
   " ဟဲာ့လားက တိုက်ပွဲဆင့်ခေါ်စာ က ပို့လာတာလား ? "

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now