One

2.4K 66 24
                                    

~ ဟူ ဟူး ဟူ ~ သွားကြမယ် ချစ်ကမ္ဘာဘုံ လိုက်မလားကွယ် ဆန်းပြားတဲ့မေတ္တာဘုံ ~

မင်္ဂလာသီချင်းကြားတာနဲ့ ဘယ်အခြေအ‌နေကို ရောက်နေသလဲဆိုတာ အားလုံး သိပြီးကြရောပေါ့။

မောင်လင်းလက်ဟိန်း + မဇာမဏီသွေး တို့၏ မင်္ဂလာဧည့်ခံပွဲ

ပြုံးပျော်နေကြသည့် ဇနီးမောင်နှံနှစ်ဦးကိုကြည့်ကာ ဇွဲရိပ်ဟန်ဆိုတဲ့သူကတော့ မျက်ရည်စက်လက်ဖြင့်။ အချစ်ဦးဖြစ်သူ ကိုလက်ရဲ့မင်္ဂလာပွဲကို သတို့သားအရံအဖြစ်နဲ့ တက်ရောက်နေရတဲ့သူ့ဘဝဟာ ဘယ်လောက်တောင် ကြေကွဲစရာကောင်းလိုက်သလဲ စဉ်းစားသာကြည့်တော့။

ကိုလက်ကို သူ ၅ တန်းကတည်းက သဘောကျခဲ့တာ။ သူငယ်ချင်းဖြစ်သူလင်းသစ်ဟိန်းရဲ့အိမ်ကို လိုက်လည်ရင်းက အမေ့အိမ်ခဏပြန်လာတဲ့ကိုလက်ကို သူတွေ့ခဲ့ခြင်း။

ညီငယ်‌လေးရဲ့ တစ်ဦးတည်းသောသူငယ်ချင်းဆိုတော့ ကိုလက်က ဝမ်းသာလုံးစို့ပြီး သူ့ကိုဖက်ငိုတဲ့အခါမှာ ကြွေသွားခဲ့တာပဲဖြစ်သည်။

ကံမကောင်းချင်တော့ ကိုလက်ဟာလည်း သူ ဘယ်လောက်ပဲရေလာမြောင်းပေးလုပ်လုပ် တုပ်တုပ်မလှုပ်တဲ့အပြင် ရှေ့တည့်တည့်သွားပြီး ချစ်တယ်ပြောတောင် brother zone ထဲ ထိုးသိပ်ပစ်သည့်လူစားမျိုး။

“ငါ့ညီလေးကတော့ကွာ”

အကိုတစ်ယောက်မင်္ဂလာဆောင်သွားသည့်အပေါ် နှမြောတဿဖြစ်တယ်မှတ်ပြီး ကိုလက်ကသူ့မျက်ရည်တွေလာသုတ်ပေးပေမဲ့ အကြောင်းသိတဲ့ မဇာမဏီသွေးက မျက်ထောင့်နီဖြင့်လှမ်းကြည့်လာတော့ အားဟန်ဘဝက ငို‌ချင်တာတောင် အခြေအနေကြည့်ပြီးငိုရတော့သည်။

ဒီလိုနဲ့ပဲ အဲ့ဒီနေ့ကလေးက အားဟန်အတွက် ငယ်ရွယ်တဲ့အချစ်ဇာတ်လမ်းလေး တစ်ခန်းရပ်ခဲ့ပါတော့သည်။

ညစာစားပွဲ၌။

“အဟင့်”

“တော်ပါကွာ အားဟန်ရာ၊ ဒီလိုငိုနေလည်း ဘာထူးမှာလဲ”

“မင်းက ဘာကိစ္စမပြောတာလဲကွ...အီး”

အသံဆိုးကြီးနဲ့ထငိုပြန်တော့ လင်းသစ် စိတ်ပျက်သွားသည်။

Min Nae Mha (Complete)Where stories live. Discover now