Thirty

994 19 15
                                    

ကမ်းစပ်လို့ပြောထားပေမဲ့ သူတည်း‌နေတဲ့အိမ်ကနေဆိုရင် ဘယ်နားမှာရှိတဲ့အနေအထားလဲ။

မသိနိုင်တာကြောင့် အပြေးအလွှားရှာပြီးတဲ့‌နောက် ကျောက်ဆောင်တွေအနားမှာ ရပ်နေခဲ့တဲ့ ခွန်ရှင်းခန့်ကိုတွေ့ရသည်။

လရောင်ပျပျလေးအောက်မှ လှိုင်းတံပိုးထန်နေတဲ့ပင်လယ်ပြင်ကို ခွန်ရှင်းခန့်က ခပ်ဆွေးဆွေးကလေး ရပ်ကြည့်နေခဲ့၏။

“အစ်ကိုခွန်”

သူခေါ်လိုက်တော့လှည့်ကြည့်လာသည့်မျက်ဝန်းအကြည့်ကလေးတွေ။ လွမ်းနေခဲ့ရတဲ့သူ့ရင်ခွင်ကို လာရောက်တိုးဝှေ့ကြသည်။

“အစ်ကိုရောက်လာတယ်”

“အင်း”

သူတို့ကြားထဲ ခဏတာငြိမ်သက်သွားပြီးတဲ့နောက် ခွန်ရှင်းခန့်က စကားစလာခဲ့သည်။

“ငါတွေးကြည့်ခဲ့တယ်၊ စံပယ်ကို ငါချစ်သေးလားလို့”

ပြောရင်း ခွန်ရှင်းခန့်က ပင်လယ်ပြင်ကြီးဖက်ကို လှည့်လိုက်သည်။

“ရတယ်၊ အစ်ကိုချစ်သေးလည်းဖြစ်တယ်၊ ကျွန်တော်က....”

“ဟင့်အင်း”

သူကို ပြန်ကြည့်လာတဲ့ ခွန်ရှင်းခန့်က ပြုံးသည်။

“ငါမချစ်တော့ဘူး”

သူငြိမ်သက်နေမိတော့ ခွန်ရှင်းခန့်က သူ့အနားကို ပိုပြီး ‌တိုးကပ်လာခဲ့သည်။

“မင်းကအမြဲ ငါ့ဖက်ကိုပဲကြည့်နေတာ၊ တချက်လောက်တော့ မင်းဖက်ကိုကြည့်သင့်တယ်လေ”

“ဒါဆို အစ်ကိုကျွန်တော့်အနားပဲ အမြဲရှိနေပေးနိုင်မလား”

ပြုံးလိုက်တဲ့ခွန်ရှင်းခန့်က သူ့ဆံစတွေကိုအသာအယာပွတ်သပ်လာခဲ့သည်။

“ငါမင်းကိုချစ်တယ်”

လေပြေတွေနဲ့အပြိုင် သူ့ရဲ့အပျော်ရိပ်တွေက သူ့မျက်ဝန်းအိမ်ထဲကို အရည်ကြည်တွေပြည့်လျံစေခဲ့သည်။

“စောစော‌မပြောနိုင်ခဲ့တာတောင်းပန်ပါတယ်”

ဆွဲဖက်လိုက်တဲ့သူ့ရဲ့ကျောပြင်ကို အစ်ကိုက အသာသပ်၏။

Min Nae Mha (Complete)Where stories live. Discover now