Seventeen

229 22 6
                                    

“ဘုဏ်း ငါ့ကိုလိုက်ပို့ဦး၊ လင်းစရန်ဖြစ်လို့တဲ့”

တက်လာတဲ့သတင်းကိုဖတ်ရင်း ယုန်ပေါက်လေးတစ်ယောက် သန့်စင်ခန်းအပြင်ကို သွားတိုက်တံတန်းလန်းနဲ့ ပြေးထွက်လာခဲ့၏။

ဖုန်းစက်ခရင်ကို သူကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။

“ပို့ပေးမယ်၊ အရင်စားလိုက်ပါဦး၊ ဘာမှထွေထွေထူးထူးမဖြစ်လို့ပေါ့ မင်းကို ဖုန်းမဆက်တာ”

“ဟုတ်ပါတယ်လေ”

ပြောရင်း သူ့ရဲ့ယုန်ပေါက်လေးက စိုးရိမ်စိတ်တချို့ကို သက်ပြင်းနဲ့အတူ ရောချလိုက်ပါ၏။

“ဒီကောင်က ငါမရှိရင် အဲ့လိုဖောက်ပြီ”

ပြောပြီးသန့်စင်ခန်းထဲပြန်ဝင်သွားကာ သွားတိုက်နေတဲ့ ယုန်ပေါက်လေး။ စိတ်ဆတ်နေသယောင်ရှိတာကြောင့် သွားတိုက်ဆေးမြုပ်တွေကိုတောင် လူမိုက်တစ်ယောက်လို ထွီးခနဲလုပ်လိုက်သေးတာ။

ပေးဝတ်ထားတဲ့အင်္ကျီကလည်းကြီးနေတော့ သူအမှတ်အသားချန်ထားတဲ့ ဂုတ်သားတွေကို ရှင်းရှင်းလင်းလင်းမြင်ရသေးသည်။

ပြီးတော့ ဘောင်းဘီတိုလေးပဲဝတ်ထားတာ ဆိုတော့ ယုန်ပေါက်လေးရဲ့ပေါင်တံလှလှလေးတွေကိုလည်း စောစောစီးစီး ငေးမောခွင့်ရပါသေး၏။

ညတုန်းက ယုန်ပေါက်လေးကို သူဘာမှမလုပ်ပါဘူး။ ရင်ခွင်ထဲထည့် ဂုတ်သားတွေကို နမ်းရှိုက်ရင်း အတူတူဖြေလျော့ကြရုံ....။

ပြန်တွေးပြီး မျက်နှာကြီးရဲလာတော့ ကိုယ့်ပါးကိုယ်ရိုက်ပြီး အသိကပ်လိုက်ရသည်။

ယုန်ပေါက်‌လေးကလည်း အသံသေးသေးလေးနဲ့ ချစ်စရာအရမ်းကောင်းနေတော့....။

မဖြစ်သေးပါဘူး။ ဆက်တွေးနေရင် ထပ်ပြီးဖြေလျော့ဖို့ လိုလာပါဦးမည်။

ယုန်ပေါက်လေးအတွက် မနက်စာကျွေးရဦးမယ်ဆိုတဲ့ အတွေးတွေကိုသာ စိတ်ထဲထည့်ပြီး ဘုဏ်းတစ်ယောက် မနည်းစိတ်ထိန်းလိုက်ရပါတော့သည်။

......

“မင်း ရန်ဖြစ်တာဆို”

မေးရင်း ခုတင်ခြေရင်းခုံတွင် ဝင်ထိုင်လိုက်သည့် အားဟန်ကြောင့် ဆုံလှည်ခုံကိုလှည့်ရင်း ပြန်ဖြေမလို့ပြင်တဲ့အခါ အပေါက်နားမှာ မတ်တပ်ရပ်နေတဲ့ ဘုဏ်းကိုပါ မြင်လိုက်ရသည်။

Min Nae Mha (Complete)Where stories live. Discover now