“ဟုတ်ပြီ၊ အဖွဲ့ဖွဲ့ပြီးပြီဆိုတော့ ကစားပွဲလေးအ ကြောင်းအရင်ပြောပြမယ်နော်၊ game က ၄ပွဲရှိပါမယ်၊ ၄ပွဲလုံးအနိုင်ရတဲ့ team က second semester ပြီးရင် အပျော်ခရီးထွက်ခွင့်ရပါမယ်နော်”
ဒီကျောင်းရဲ့ထုံးစံအတိုင်း ဆုကတော့ အကောင်းဆုံးတွေချည်းဖြစ်သလို သူတို့ရှေ့အသုတ်တုန်းကလည်း နိုင်ငံရဲ့အမွေအနှစ်နေရာ၅ခုဆီ လိုက်ပို့ပေးခဲ့သည်ဆို၏။
“ဒါဆိုစရအောင်နော်၊ ပထမ game လေးကတော့ လက်ဆင့်ကမ်း ဒိုးနတ်!!!!”
ပွဲကြည့်စင်ပေါ်ကလူတွေအော်ဟစ်အားပေးကြပြန်သဖြင့် သူတို့လည်း ယောင်ဝါးပြီး လိုက်အော်ကြတော့သည်။
“Rule ကရှင်းပါတယ်၊ ဒိုးနတ်ကိုအောက်မကျစေဘဲ တူလေးနဲ့သယ်ရမယ်၊ နောက်ဆုံးတစ်ယောက်ကတော့ ဒိုးနတ်ကိုအကုန်ကုန်အောင်စားပေးရမယ်၊ စောစောပြီးတဲ့အသင်းကအနိုင်ရမယ်”
အကုန်လုံးအာရုံစိုက်နားထောင်နေကြစဉ် presenter အစ်မကဆက်ပြော၏။
“ထပ်ပြောပါမယ်၊ ဒိုးနတ်ကိုလုံးဝအောက်မကျပါစေနဲ့၊ လက်နဲ့ကိုင်လို့လုံးဝမရပါဘူးနော်၊ ပါးစပ်နဲ့ပဲသယ်ရမှာပါ”
“အားလုံးနားလည်ပြီဆို မဲထပ်နှိုက်မယ်နော်၊ ကိုယ့်ပြိုင်ဖက်ကိုရွေးရပါမယ်”
မိုးဟိန်း နှိုက်လိုက်သည့်မဲက နံပါတ်သုံးဖြစ်နေ၍ ရှေ့နှစ်ဖွဲ့စပြိုင်တာကိုစောင့်ရင်း သူတို့တတွေလျင်လျင်မြန်မြန်ပဲ မိတ်ဆက်လိုက်ကြသည်။
“အကိုကမိုးဟိန်း၊ တတိယနှစ် အင်ဂျင်နီယာဌာနက”
“ညီမက ပန်ချစ်ဆုအနုပညာက၊ သူကမေသူလင်းဌာနအတူတူပဲ”
အရပ်ရှည်ရှည်လေးကမိတ်ဆက်ပေးတော့ ပုပုကောင်မလေးကလည်းပြုံးပြနှုတ်ဆက်သည်။
“လင်းသစ်ဟိန်း Business”
လက်ထောင်ပြတဲ့လင်းစက တလောကလုံး သူ့လုပ်စာထိုင်စားနေတဲ့ရုပ်မျိုးနဲ့ဆိုတော့ သူကပဲအားနာနာနဲ့ ပြုံးပြရတော့သည်။
“ကျွန်တော်တို့နှစ်ယောက်လုံး Business ကပါကျွန်တော်ကတော့ ဇွဲရိပ်ဟန်”
YOU ARE READING
Min Nae Mha (Complete)
Short Storyချိုမယ်၊ ရိုမယ်၊ ရိုးရှင်းမယ် October 2 to ..... October 16,2023 #TheSecondSchoollifeStory