Sixteen

243 23 10
                                    

ရန်ပုံငွေဖျော်ဖြေပွဲနေ့တွင် ကျောင်းရဲ့ဘောလုံးကွင်းမှာ ပွဲလုပ်သည်။ လက်မှတ်အရောင်းဌာနအတွက် စီနီယာအချို့အပြင် ကူညီပေးသူတချို့က လာရောက်လုပ်ကိုင်ပေးကြ၍ အဆင်ပြေပြေ။
ဌာနအသီးသီးရဲ့ဆိုင်တန်းတွေကလည်း မျိုးအစားစုံလင်စွာ ခင်းကျင်းပြသလျက်မို့ လာရောက်ကျသူအတော်များသည်။

အချိန်ကျပြီမို့ အဝတ်လဲခန်းထဲကထွက်လာခဲ့တဲ့ အားဟန်နဲ့လင်းသစ်ဟာ ဘတ်စကတ်ဘောအသင်းရဲ့ဝတ်စုံအရောင်ဖြစ်သည့် နီညိုနှင့်အနက် ရောစပ်ထားတဲ့ဝတ်စုံကို ဝတ်ဆင်ထားကြသည်။

လည်ပင်းသားကို သိသိသာသာဖော်လှစ်စေထားသည့်ဒီဇိုင်းက ခါးတွင်လည်း ခါးပတ်ကြိုးအနက်ကြီးကြီးတစ်ခုကိုပတ်ထားရသဖြင့် နေရထိုင်ရမလွတ်လပ်။

သာမာန်အချစ်သီချင်းလေးဆိုရမှာကို သူတို့ပုံစံက သွားပဲ‘က‌’ရတော့မလို။

မိတ်ဆက်သံထွက်ပေါ်လာတော့ သူတို့နှစ်ဦးမာန်တင်းလိုက်သည်။

“ဘာမှမဖြစ်ဘူး၊ လာ”

ပခုံးဆွဲဖက်တဲ့လင်းသစ်ကြောင့် သူ အားတက်ရသည်။ ဒီလိုအချိန်တွေဆို လင်းသစ်က သူ့အတွက် အကိုကြီးတစ်ယောက်လိုပဲ။

သူတို့ကိုမြင်တော့ ကွင်းထဲကလူတွေ လက်ခုပ်တီးကာအားပေးကြသည်။ ပြီးတဲ့နောက် အားလုံးက ငြိမ်သက်စွာနားဆင်ကြတော့သည်။ ဂီတာသံလေးပျံ့လွင့်သွားတာနဲ့ လိုက်ပါယိမ်းနွဲ့ ကကြတဲ့ပရိတ်သတ်။

စင်အောက်မလှမ်းမကမ်းမှာ security အနေနဲ့ တာဝန်ကျနေတဲ့ဘုဏ်းရဲ့‌ကျောပြင်ကိုလည်း အားဟန် လှမ်းငေးလိုက်သည်။
လှည့်ကြည့်ခွင့်မရတဲ့ဘုဏ်းကလည်း  စက်ခရင်ပေါ်က သူ့ရဲ့ပုံရိပ်ကိုတော့ ငေးကြည့်‌နေသေး၏။

ဒါကြောင့်လည်း သူလည်း လာရိုက်တဲ့ ကင်မရာကိုကြည့်ရင်း ဘုဏ်းတစ်ယောက်မြင်စေဖို့ အကောင်းဆုံးပြုံးပြလိုက်ပါ၏။

“နောက်ဆုံးတော့ မင်းနဲ့မှ ချစ်တက်ပြီပေါ့”

လက်ခုပ်သံတွေဆူညံသွားကြတဲ့အထဲ သူနဲ့လင်းသစ် နေရာမှထ၊ ခေါင်းငုံ့နှုတ်ဆက်လိုက်တဲ့အခါ သူတို့ရှေ့က ဖျော်ဖြေပြီးသွားကြတဲ့ အဖွဲ့တွေအားလုံး စင်ပေါ်ကို ပြန်တက်လာကြသည်။

Min Nae Mha (Complete)Where stories live. Discover now