Twelve

210 21 16
                                    

ပိတ်ရက်တွင်ဝမ်းကွဲအစ်ကို ရှိုင်းအာကာကျော်ရဲ့မွေးနေ့ရှိတာမို့ ညဖက် အစ်ကိုရှိုင်းပိုင်တဲ့တိုက်ခန်းဆီ အားဟန်ရောက်နေခဲ့သည်။ မိသားစုအပြင်၊ ရင်းနှီးတဲ့သူငယ်ချင်းတွေသာ တက်ရောက်ကြသည့်ပွဲမို့ သိပ်ပြီး အနေရမခက်။ အစ်ကိုရှိုင်းရဲ့သူငယ်ချင်းတွေကလည်း ဖော်ရွေကြသလို အားလုံးကပွင့်ပွင့်လင်းလင်းရှိကြသည်။

“အစ်ကို ကျွန်တော် Toilet ခဏ”

အစ်ကိုရှိုင်းကိုခွင့်တောင်းပြီး Toilet ထဲ သူဝင်ခဲ့လိုက်သည်။

မိဘတွေ၊ အကိုရှိုင်းသူငယ်ချင်းတွေအိမ်ပြန်တဲ့အထိ သူ့ Project ကအဆုံးမသတ်နိုင်သေး၍ အစ်ကိုရှိုင်းအိမ်တွင် အားဟန်တစ်ယောက်တည်း ကျန်ရစ်ခဲ့ခြင်း။
အခုကညဆယ်နာရီကျော်လာပြီဖြစ်သလို Project လည်းပြီးပြီမို့ အစ်ကိုရှိုင်းက လိုက်ပို့ပေးမယ်ပြောထားသည်မို့ သူစိတ်မပူ။ 

လင်းသစ်က ကျောင်းနားခံထားရ၍ အိမ်ပြန်အိပ်သည်။ ထို့ကြောင့် လိုက်စီးစရာကားမရှိတော့သဖြင့် သူကိုယ်တိုင်လည်းအိမ်ပြန်ခဲ့သည်။ သူ့အိမ်ကတအားတော့မဝေးပေမဲ့ ကျောင်းနဲ့ဆိုရင်တော့ အတော်အတန်ဝေး၏။

ကိစ္စရှင်းပြီး အပြင်ကိုထွက်လာတော့ အသံတချို့ကိုကြားရသည်။ တစ်ယောက်ယောက် ရောက်နေသလားတွေးရင်း ဧည့်ခန်းထဲကို လှမ်းအကြည့် သူ့မျက်ဝန်းတွေပြုးကျယ်ကုန်ရသည်။

အကြောင်းအရင်းကတော့ အိမ်ပေါက်ဝမှာ အနမ်းစစ်တိုက်နေကြသည့် အစ်ကိုရှိုင်းနှင့် ခပ်ညိုညို၊ဗလတောင့်တောင့် လူတစ်ယောက်။

အဝတ်အိတ်ကိုလည်း ဘေးတင်ပစ်ချထားဟန်ရသလို သူ့အစ်ကိုကျောပြင်ကိုလည်း ပွတ်သပ်နေလိုက်တာ။ သူ့အစ်ကိုကလည်းအရပ်ကရှည်နေတာဆိုတော့ ထိုလူရဲ့လည်တိုင်ကို တင်းနေအောင်ဖက်ထားလေရဲ့။

ပူထူသွားတဲ့သူ တိတ်တိတ်ကလေးထွက်ပြေးဖို့ကြိုးစားရင်း ခြေလှမ်းတွေပြင်လိုက်တဲ့အခါ ခြေထောက်ကခေါက်ပြီး ကြမ်းပြင်ပေါ် ဘုန်းခနဲလဲ၏။ အရေးဆို ခြေထောက်က အချင်းချင်းသတ်ကုန်ရော။

အသံကအကျယ်ကြီးဆိုတော့ သတိပြုမိသွားပြီမှန်းသိလိုက်တာကြောင့် လဲကျနေလျှက်ပဲ နောက်ကိုလှည့်ကြည့်ရင်း ဟီးခနဲရယ်ပြလိုက်ရသည်။

Min Nae Mha (Complete)Where stories live. Discover now