Twenty four

226 20 9
                                    

သူ့နာမည်ကိုခေါ်ရင်းမေးလာသဖြင့် အားဟန် ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်”

အကုန်လုံးရဲ့အကြည့်တွေက သူနဲ့ မေးလာသူရဲ့အပေါ်တွင်။
ပြုံးရယ်လိုက်တဲ့ထိုသူက ချိန်ခါမဆိုင်း သူ့အားမိတ်ဆက်လာခဲ့၏။

“ကိုယ့်နာမည်ကဝေယံမင်း၊ မင်းကို King selection ထဲမှာတွေ့ဖူးတယ်”

လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလာခဲ့တော့ သူလည်း ထိုလက်ကိုအသာဆွဲလိုက်ရတော့သည်။

“ကျွန်တော်တို့ကျောင်းကပဲလား”

“အင်း၊ Botany က”

စဉ်းစားသော်လည်းသိသူမဟုတ်တာကြောင့် အပြုံးဆောင်ရင်းသာ။

“မင်းက poster ထဲကထက်ပိုချောတာပဲ”

ချီးကျူးလာတော့မျက်နှာမထားထက်။ ဒီ့အပြင် ဝေယံမင်းက သူ့လက်ကိုလည်းအလွှတ်‌မပေး ဆွဲထားတုန်းပဲ။

“အားဟန်၊ ငါတို့ ပန်းကန်ဆေးစရာကျန်သေးတယ်”

ဘယ်တုန်းကရောက်လာမှန်းမသိတဲ့ဘုဏ်းက ဝေယံမင်းဆွဲထားတဲ့သူ့လက်ကိုစိုက်ကြည့်ပြီး အသံကလည်း ကြောက်စရာကြီးဆိုတော့ အားဟန် ကျောပင်ချမ်းသည်။

“ဟုတ်တယ်ဗျ ခွင့်ပြုပါဦး”

လက်ကို ကပြာကယာပြန်ရုတ်လိုက်ရသည်။
ရေခဲတုံးက မတရားသဝန်တိုတက်သလို ညဖက်ကျအတိုးချပြီး သူ့ကိုအလွှတ်ပေးတော့မှာမဟုတ်ဘူး။ အဲ့ချိန်ကျ မျက်မှောင်ကြီးကုတ်ပြီး သူဘာပြောပြော နားလည်းမထောင်တော့ဘူး။
အဲ့လိုမျိုးတော့ အဖြစ်မခံနိုင်တာကြောင့် ခပ်မြန်မြန်ပဲ နှုတ်ဆက်လိုက်တော့သည်။

“လင်းစ ငါအလုပ်သွားလုပ်လိုက်ဦးမယ်”

“အင်း၊ ငါ ဘာမှမဖြစ်ဘူး”

လင်းစကိုကြည့်ရှုပေးဖို့ အစ်ကိုခွန်ကို မျက်ဝန်းအကြည့်နဲ့မှာတော့ ခေါင်းပြန်ညိတ်ပြသည်။

ဝေယံမင်းကိုတော့ တချက်မျှပြုံးပြပြီး ယုန်ပေါက်မီးဖိုခန်းထဲထွက်သွားခဲ့သည်။ အနောက်မှလိုက်သွားတဲ့ရေခဲတုံးကတော့ ဝေယံမင်းကို စူးရဲရဲစိုက်ကြည့်သွားခဲ့သေး၏။

Min Nae Mha (Complete)Where stories live. Discover now