Twenty six

225 20 12
                                    

“အစ်ကိုခွန်”

ခွန်ရှင်းခန့်ရဲ့တိုက်ခန်းအောက်တွင် ပါကင်ထိုးကာ လင်းသစ် ခွန်ရှင်းခန့်ကို လှမ်းခေါ်လိုက်သည်။

“ဟင်”

မေးဆတ်ကာ ခွန်ရှင်းခန့်က ခါးပတ်အားဖြုတ်၏။

“ကျွန်တော် အစ်ကို့အခန်းထဲကို လိုက်လို့မရဘူးလား”

ထိုစကားကြောင့် နောက်ခန်းထဲလွယ်အိတ်နှိုက်နေတဲ့ ခွန်ရှင်းခန့် ခဏတာငြိမ်သက်သွားခဲ့သည်။

“မရဘူး”

ကားထဲကထွက်ပြေးရန်ကြံလိုက်မိသလို ဒါကိုသိတဲ့လင်းသစ်ကလည်း လောခ့်အမြန်ချ၏။

“အစ်ကိုခွန် ထပ်ထွက်ပြေးဖို့ကြံပြန်ပြီလား”

မျက်မှောင်ကုတ်ရင်း လင်းသစ်မေးတော့ ခွန်ရှင်းခန့် သွားလေးဖြဲပြရတော့သည်။

“မဟုတ်ပါဘူး၊ ဟို တကယ်ပြောတာ၊ ခုချိန်ဆို ဟိုကောင်ပြန်ရောက်နေလောက်ပြီ၊ အာ့မို့မလိုက်နဲ့တော့”

ဖြေရှင်းချက်ပေးပေမဲ့ လင်းသစ်က ကားရှေ့ကိုကြည့်ရင်း မျက်မှောင်တွေကျုံ့နေတော့ သက်ပြင်းလေးဖွဖွလေးချလိုက်ရသည်။

ခပ်မြန်မြန်ပဲ လင်းသစ်ရဲ့ပါးပြင်ကို နမ်းလိုက်တဲ့အခါ သူ့ကိုလှည့်ကြည့်လာတဲ့လင်းသစ်။

“အစ်ကိုခွန်၊ နှုတ်ခမ်းချင်းနမ်းလို့မရဘူးလား”

ဒီကောင်‌လေးက တစ်ခု‌ပြီးတစ်ခုကို လိုချင်နေတော့တာပဲ။ ပြောမနိုင်တာလည်း သူအသိဆိုတော့။

“တခါပဲ”

“အင်း”

အခွင့်အရေးသမားပီပီ ခါးပတ်ကြိုးချွတ်လိုက်တာမြန်ဆန်လွန်းချက်။ တိုးကပ်လာတော့ ရင်ခုန်တာသက်သာစေလိုငြား မျက်ဝန်းတွေကိုမှိတ်ချကာ လက်ထဲကအိတ်ကိုသာ တင်းနေအောင်ဆုပ်ကိုင်ထားမိသည်။

သို့ပေမဲ့ နှုတ်ခမ်းသားပေါ်က စိုတိုတိုအထိ‌‌အတွေ့တွေ၊ ‌အပေါ်တစ်လှည့်အောက်တစ်လှည့်နမ်းရှိုက်လာရင်းက သူ့လည်ဂုတ်ပေါ်လက်ရောက်လာတော့ တကိုယ်လုံးတုန်တက်သွားရသည်။

ဒီကောင်လေးက ဘယ်လိုဖြစ်ပြီး အနမ်းတွေကျွမ်းနေရသလဲသူစဉ်းစားနေတုန်း သူ့ခါးတဝိုက်ကိုပွတ်သပ်လာတော့ လူကမရိုးမရွနှင့် ရုန်းလိုက်ရသည်။

Min Nae Mha (Complete)Where stories live. Discover now