ဒုန်း ဒုန်း ဒုန်း
“အစ်ကိုခွန်”
တံခါးကိုထုနေစဉ် ရုတ်တရက်တံခါးပွင့်လာသဖြင့် လင်းသစ် လာဖွင့်သူကိုတချက်ကြည့်လိုက်သည်။
ခွန်ရှင်းခန့်မဟုတ်သလို ထိုလူက သူ့အားအော်ဟစ်၏။
“ဘာလဲ၊ သေမလို့အသေထုနေတာလား၊ ဘေးအိမ်တွေလာကြည့်ကုန်ပြီ”
အပြောကြောင့် ဘေးဘီကိုကြည့်လိုက်တော့ ခေါင်းတွေပြုတစ်ပြုတစ်လုပ်နေကြတဲ့လူတွေကိုမြင်ရသည်။ တချက်စိုက်ကြည့်ပေးလိုက်တော့ အိမ်ထဲတန်းနေအောင်ဝင်သွားကြ၏။
“အစ်ကိုခွန်ရော”
“မရှိဘူး”
ထိုလူက သူ့အားခပ်ပြတ်ပြတ်ပြန်ဖြေ၏။
မယုံတဲ့သူကလည်း အခန်းထဲဝင်ရှာဖို့ပြင်လိုက်တဲ့အခါ ထိုလူက သူ့အားလှမ်းတားသည်။
“ဘာလုပ်တာလဲ၊ သူများအိမ်ကိုမင်းအိမ်များမှတ်နေလား”
အထဲဝင်လို့မရတော့ လင်းသစ် ထပ်မေးရတော့သည်။
“သူဘယ်သွားလဲ”
“အိမ်ပြန်သွားပြီ”
“သူ့အိမ်ကဘယ်မှာလဲ”
“ငါကဘယ်လိုလုပ်သိမှာလဲ”
“မဖြစ်နိုင်တာ၊ အစ်ကိုတို့ကအခန်းဖော်တွေ သိရမှာပေါ့”
“မသိဘူးဆိုမသိဘူးပေါ့၊ ပြန်တော့၊ နောက်ထပ်ငါ့တံခါးကိုလာမထုနဲ့၊ အဲ့ကျ မင်းကိုရဲတိုင်မိလိမ့်မယ်၊ ခွန်ရှင်းခန့်က ကျောင်းမဖွင့်မချင်း ပြန်လာမှာမဟုတ်ဘူး”
ပြောပြီး တံခါးကိုဆွဲပိတ်သွားခဲ့၍ လင်းသစ် ခွန်ရှင်းခန့်ကို ဖုန်းဆက်ရုံသာတက်နိုင်သည်။
သို့ပေမဲ့ ထုံးစံအတိုင်း ဖုန်းမကိုင်သဖြင့် တက်ခေါက်ကာ ထိုနေရာမှ ထွက်ခဲ့ရတော့သည်။......
ခွန်ရှင်းခန့်တစ်ယောက် အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း အခန်းဖော်ပြန်ရောက်လာမှ အလောတကြီးမေးရတော့သည်။
“ပြန်သွားပြီလား”
“အင်း”
သူ့အခန်းဖော်ခေါင်းညိတ်ပြမှ ခွန်ရှင်းခန့် သက်ပြင်းချနိုင်တော့သည်။
YOU ARE READING
Min Nae Mha (Complete)
Short Storyချိုမယ်၊ ရိုမယ်၊ ရိုးရှင်းမယ် October 2 to ..... October 16,2023 #TheSecondSchoollifeStory