လဝက်အရောက်တွင် သူတို့ဘတ်စကတ်ဘော အသင်းသားအားလုံး minibus ပေါ် တက်ကာ နေရာယူကြသည်။
ထုံးစံအတိုင်းအစ်ကိုနှစ်ယောက်ကရှေ့ခုံယူထိုင်လိုက်ပြီး သူတို့ရဲ့တဖက်ခြမ်းခုံမှာတော့ အားဟန်တို့အတွဲကနေရာဝင်ယူသည်။
တစ်သင်းလုံးကလည်း အားဟန်တို့နှစ်ယောက် အတွဲမှန်းသိနေတော့ ခုံကအစ အတူထိုင်လို့ရအောင် လွှတ်ပေးထားကြသည်။လင်းသစ်ကတော့ အအေးဝယ်နေရ၍ ကားပေါ်ရောက်မလာသေး။ ခွန်ရှင်းခန့်က လင်းသုတတို့နောက်ခုံတွင်ဝင်ထိုင်ပေမဲ့ ဘာရယ်မသိ လင်းသစ်ကိုတော့ သူရှာနေမိ၏။
“အစ်ကို လူရှိလား”
ဘေးခုံကို လာမေးတာကြောင့် ခွန်ရှင်းခန့် ခေါင်းရမ်းမိသည်။
“ကျွန်တော်ထိုင်လို့ရလားဗျ”
အသင်းထဲကမျက်မှန်းတန်းမိတဲ့ညီလေးတစ်ယောက်ဖြစ်သလို သူ့ခွင့်ပြုချက်တောင်းပြီးမှသာ ထိုကောင်လေးကဝင်ထိုင်၏။
ခဏကြာတော့ အချိုရည်ကတ်တွေသယ်တင်လာတဲ့လင်းသစ် ကားပေါ်ရောက်လာခဲ့သည်။ လင်းသစ်ရဲ့လက်ထဲ ကတ်မပြည့်တော့တဲ့ဗူးတွေကလည်း အိတ်တစ်အိတ်အနေနဲ့ပါသေး၏။
လက်ထဲကအိတ်ကို ဝုန်း ဆိုပြီးပစ်ချကာ လင်းသစ်က တစ်ခွန်းတည်းပြောသည်။
“မြိုလို့ရပြီ”
ခွန်ရှင်းခန့် ရယ်မိလိုက်တဲ့အခါ လင်းသစ်ရဲ့အကြည့်စိမ်းတွေနဲ့တိုးတာကြောင့် မျက်နှာပိုးလေးသတ်ကာ မေးဆတ်ပြတော့ သူ့ဘေးကတစ်ယောက်ကို စိုက်ကြည့်ပြန်သည်။
ဘေးကကောင်လေးက မမြင်လိုက် အချိုရည်ကုန်းနှိုက်နေခဲ့တာကြောင့်။
သူလိုချင်တာမရဘူးထင်ပါ့။ ထိုကောင်လေးက ထိုင်ရာမှပင် ထသွားရသည်။ ထိုသည်က အခွင့်ပေးလိုက်သလိုဖြစ်ကာ လင်းသစ်ထိုကောင်လေးအား ခွကျော်လို့ ထိုင်ခုံတွင်နေရာယူလိုက်၏။အချိုရည်လေးရလို့ ကောင်လေးက ပြန်ထိုင်မယ်လည်းလုပ်ရော သူ့ခုံဝင်ယူထားတဲ့လင်းသစ်ကိုတွေ့သလို မျက်နှာပေးက ကိုင်ဆောင့်ချင်စရာ။
စိုက်ကြည့်နေမိတော့ လင်းသစ်က မေးဆတ်ကာ အနောက်သွားထိုင်ခိုင်းတာကြောင့် အချိုရည်မျက်နှာနဲ့ ထိုကောင်လေးက နောက်သွားထိုင်လိုက်ရသည်။
လင်းသစ်ကလည်း တလမ်းလုံးအတွက် စားစရိတ်ကိုခံမည်ကြားထားသေးတာကြောင့် သည်းခံလိုက်တာလည်းပါမည်။
YOU ARE READING
Min Nae Mha (Complete)
Short Storyချိုမယ်၊ ရိုမယ်၊ ရိုးရှင်းမယ် October 2 to ..... October 16,2023 #TheSecondSchoollifeStory