Fifteen

250 24 13
                                    

“ဘာစကားပြောနေလို့ ဒီလောက်ကြာနေရတာလဲ”

ကမ္ဘာပေါ်ရှိရှိသမျှအလုပ်တွေအထဲ ထိုင်စောင့်ရတဲ့အလုပ်ကို လင်းသစ်အမုန်းဆုံး။

ဖုန်းကို စားပွဲပေါ်ပစ်ချလိုက်ပြီး လေပူတွေမှုတ်ထုတ်မိသည်။ ရုတ်တရက်လေကအတိုက် အားဟန်ရဲ့ note စာရွက်က အဝေးကိုလွင့်သွား၏။

“ဟာ”

ထိုင်မစောင့်ချင်ဘူးများပြောလို့ လေထတိုက်ပြီး အလုပ်ပေးသလားတော့မပြောတက် ကျန်တဲ့ note တွေပါမသွားအောင် အားလုံးကို ဆွဲကောက်ကာ စာ‌အုပ်ကြားထဲညှပ်ခဲ့လိုက်ပြီး လွင့်သွားတဲ့စာရွက်ကို လိုက်ကောက်ရတော့သည်။

လေသယ်သွားတဲ့စာရွက်ကလည်း တော်တော်ဝေးဝေးကို ပါသွားလေတော့တာ။ တောက်လျှောက်လိုက်ရင်း တနေရာအရောက်မှာ ခြေထောက်နဲ့ ဖိနင်းလို့မိသွားသည်။ 

“ဟား ခြေထောက်ပေါက်နေတဲ့ကောင်၊ မင်းကိုငါ ဆွဲဖြဲမိတော့မယ်”

ကျိန်ဆဲရင်း စာရွက်လေးကုန်းကောက်တုန်းရှိသေး ရယ်သံတချက်ကြားလိုက်ရ၍ လင်းသစ်လှမ်းကြည့်တဲ့အခါ ခွန်ရှင်းခန့်ကိုတွေ့သည်။

မြက်ခင်းပြင်ပေါ်အခင်းမပါ ဘာမပါထိုင်ရင်း သူ့အားကြည့်ပြီး ဟားတိုက်နေတာကြောင့် စာရွက်ကိုခေါက်ပြီး အိတ်ကပ်ထဲထည့်ကာ ခွန်ရှင်းခန့်အနားကို သူလာလိုက်သည်။ 

“ဒီမှာဘာလုပ်နေတာလဲ”

“ဘာလုပ်လုပ်ပေါ့”

ခွန်ရှင်းခန့်ပြန်ဖြေရင်း အရှေ့ကကန်ရေပြင်ဆီအကြည့်ပို့လိုက်သည်။ အေးအေးလူလူ လာနေပါတယ်ဆိုမှ ဒီကလေးနဲ့က တွေ့ရသေးသည်။ ကံတရားကတော့ တကယ်ပါလေ။

“ဘာလာလုပ်တာလဲ၊ ဆေးလာချတာလား”

ရုတ်တရက် သူ့လက်က လင်းသစ်ခေါင်းကို ဖုန်းခနဲရိုက်ချလိုက်မိသည်။

“အ”

လင်းသစ်က သူ့ခေါင်းသူပွတ်ရင်းမှ သူ့အားလှည့်ကြည့်သည်။

“မင်း အဲ့ပါးစပ်လေးသာမပါရင် လူချစ်လူခင် တော်တော်ပေါမှာ”

သူ့စကားကိုရယ်ရင်း လင်းသစ်က ပြန်ဖြေ၏။

“မပါလို့ရမလား၊ ကိုယ်ချစ်တဲ့လူကိုတွေ့ရင် ဘယ်လိုထုတ်ပြောမလဲ”

Min Nae Mha (Complete)Where stories live. Discover now