Eight

314 23 12
                                    

Cooking club က စံပယ်ဟာ အနုပညာကျောင်းသူဖြစ်၍ အနုပညာဆောင်ဆီ ခြေလှမ်းခဲ့သည့်လင်းသစ်၊ အနုပညာအဆောင်ဆီရောက်တော့ ဓာတ်လှေကားအနီးရပ်ကာ ဟိုချောင်းဒီချောင်းဖြစ်နေသည့် ခွန်ရှင်းခန့်အားတွေ့ရသည်။

ခြေလှမ်းပုံမှန်ဖြင့် အနားရောက်သွားသည့်တိုင်အောင် ခွန်ရှင်းခန့်က သူ့အား သတိမထားမိ။

“ဒီမှာ stalker ရောက်နေပါလား”

နားစည်အတွင်းရိုက်ခတ်သွားသည့်အသံဟာ ကျယ်လောင်စွာမို့ ခွန်ရှင်းခန့် နားရွက်ကို အသာပွတ်ရင်းက လန့်လန့်ဖျပ်ဖျပ်လှည့်ကြည့်တော့ လင်းသစ်ရဲ့ ပြုံးစိစိမျက်နှာပေးကြောင့် စိတ်ဟာချက်ချင်းဆိုသလို မိုးအုံ့သွားသည်။

“ဘယ်ကောင်က stalker လဲ၊ သေချင်လို့လား”

“ဒါဆို ဘာလို့ချောင်းနေတာလဲ”

“ဘယ်မှာချောင်းလို့လဲကွ”

သူခိုးလူမိဆိုပေမဲ့ ခွန်ရှင်းခန့် စုတ်သတ်ရင်းက မျက်နှာလွှဲလိုက်မိသည်။ တကယ်ပါလေ၊ ဒီလိုကောင်နဲ့မှ ပေါက်ပေါက်ရှာရှာ လာတွေ့ရတယ်လို့။

“မစံပယ်ကို ချောင်းနေတာလား”

“ဘာကွ!!”

ခွန်ရှင်းခန့်ဟာ ‘မင်းဘယ်လိုသိသလဲ’ ဆိုတဲ့ မျက်နှာပေးဖြင့်လှည့်ကြည့်လာ၍ လင်းသစ် ပြုံးမိသွားသည်။ စီနီယာတွေဆီက သူကြားထားပေမဲ့ စတယ်ပဲမှတ်ကာ တကယ်ကြီးဖြစ်မယ်မှန်း သူမတွေးမိခဲ့၍။

“ငါတို့အစ်ကိုခွန်က ချစ်မိနေတာပဲ”

“ယီးကို”

“ဟား....လာပါ၊ ဒီကညီလေးက ကူညီပေးရမှာပေါ့”

ပခုံးကိုတင်းနေအောင်ဆွဲဖက်ပြီး စံပယ်နှင့်ချိန်းဆိုထားသည့် အနုပညာဆောင်ရဲ့အလယ် မြက်ခင်းပြင်လေးဆီ‌ကို ခေါ်လာခဲ့လိုက်သည်။

“လွှတ် ဟေ့ကောင်!!”

“ရှူးး”

ခေါင်းတစ်လုံးသာနေသည့်အနေအထားမို့ မျက်ဝန်းတွေကို အောက်စိုက်ကြည့်ရင်း ပြုံးလိုက်မိသည်။

“မစံပယ်”

လှမ်းမြင်ရသည့်နေရာကစံပယ်က သူ့မြင်သွားတော့ ချက်ချင်းဆိုသလို ‌အနားရောက်လာခဲ့သည်။ သူ့လက်တွေကိုဖယ်ရှားကာ ထွက်ပြေးဖို့ကြိုးစားနေတဲ့ ခွန်ရှင်းခန့်ကိုလည်း လင်းသစ်အလွှတ်မပေးဖြစ်။ 

Min Nae Mha (Complete)Where stories live. Discover now