Six

337 28 6
                                    

“final ပွဲစဉ်အတွက် အားလုံးစိတ်လှုပ်ရှားနေကြပြီလား”

အော်ဟစ်သံတွေညံသွားကြတဲ့အထဲ ကျန်ခဲ့သည့် သူတို့အုပ်စုသုံးစုကတော့ မဲပုံးတွေရှေ့ အသင့်ရပ်နေကြပြီဖြစ်သည်။
ဒီပွဲစဉ်က အသင်းသားတွေအချင်းချင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး ခေါင်းဆောင်တွေမပါဘူးမို့ မိုးဟိန်းက မဲအပ်ရမည့်စီနီယာတွေအနားမှာ ရပ်နေခဲ့သည်။
သူတို့တတွေကတော့ မဲပုံး ခပ်ကြီးကြီးတစ်ခုအရှေ့မှာ ၁၅ယောက် ဝိုင်းအုံနေခဲ့ကြသည်။ 

“ပွဲစဥ်က‌တော့ရှင်းပါတယ်၊ မဲနှိုက်မယ်၊ မဲပေါ်ကပါတဲ့အတိုင်း အမြန်ဆုံးလုပ်ဆောင်မယ်၊ ပြီးရင် စီနီယာအသီးသီးကိုအပ်ရမယ်၊ မြန်မြန်ပြီးတဲ့အသင်းက 2nd semester ကုန်ရင် ကမ်းခြေကို အပျော်ခရီးထွက်ခွင့်ရမှာပါ”

“တစ်စုံတစ်ခု မတိုက်ဆိုင်တာဖြစ်ခဲ့ကြမယ်ဆိုရင် စီနီယာ‌တွေရဲ့ ဆုံးဖြတ်ချက်ကိုပဲယူပါမယ်နော်၊ အားလုံးပဲ ready”

Presenter အစ်မရဲ့အသံကြောင့် သူတို့ရဲ့စိတ်လှုပ်ရှားမှုတွေက မြင့်တက်လာခဲ့သည်။

ရွှီး!!

မဲပုံးကိုအလုအယက်နှိုက်ပြီး ဖွင့်ဖတ်ကာ အသီးသီး သက်ဆိုင်ရာမစ်ရှင်ကိုဆောင်ရွက်ဖို့ ပြေးထွက်ခဲ့ကြ‌တော့သည်။

‘‌မေဂျာတူကျောင်းသားတစ်ဦးရဲ့ ချီမတာခံရမယ်’ ဆိုတဲ့မစ်ရှင်ကြောင့် အားဟန်တစ်ယောက် ပွဲကြည့်စင်ဖက်ပြေးကာ အပြေးအလွှားရှာရတော့သည်။
ပွဲရှိသဖြင့် ဆရာတွေအားလုံးက ကလေးတွေပျော်ကြဖို့အခွင့်ပေးထားကြသလို ကျောင်းသားတိုင်းကလည်း ဌာနကုတ်တွေဝတ်မလာကြ။ ထို့ကြောင့် ထုတ်မေးဖို့ကိုပဲ အားဟန်ဆုံးဖြတ်လိုက်ရတော့သည်။

“ဒီမှာခင်ဗျ၊ business က လူရှိသလားဗျ”

“ရှိတယ်၊ ရှိတယ်”

အသံကျယ်ကျယ်နှင့်အစ်မတစ်ယောက်က ပြေးချလာကာ အားရဝမ်းသာပြောပေမဲ့ အားဟန် အားနာသွားသည်။ မိန်းကလေးဆိုတော့ သူ့ကိုမချီပေးပါလို့ မခိုင်းကောင်းဘူးလေ။ 

“ယောကျာ်းလေးရှိမလားဗျ၊ ကျွန်တော့်ကို မချီရမှာမို့ပါ”

Min Nae Mha (Complete)Where stories live. Discover now