Fourteen

233 23 14
                                    

“အားဟန်!!”

နေ့တဝက်ကျိုးမှ အဆောင်ပြန်ရောက်လာတဲ့ အားဟန်ကြောင့် လင်းသစ် အော်ရတော့သည်။ မနက်သူသွားခေါ်တော့ အားဟန်ကိုမတွေ့ရ။ ဖုန်းဆက်တော့လည်းမကိုင်။ အခုလာတော့လည်း ဘုဏ်းကလိုက်ပို့တဲ့အပြင် ဘုဏ်းရဲ့မေးစေ့မှာ ကိုက်ရာကြီးနဲ့။ အားဟန်ကလည်း မျက်ခုံးတွေတွန့်ချိုးရင်းက အတော့်ကိုမအီမသာဖြစ်နေတဲ့ပုံပေါက်နေသည်။

“တိုးတိုးနေကွာ၊ ခေါင်းကိုက်နေတယ်၊ ဖင်လည်းနာနေတယ်”

ထိုစကားအပြင် အနားကပ်လာလိုက်တာ ဘုဏ်းကော အားဟန်ကော တနံ့တည်းထွက်လာသည်။

“ဘာလဲ၊ မင်းတို့အတူအိပ်ပြီးပြန်လာတာလား၊ မင်း အားဟန်ကို ဘာလုပ်လိုက်တာလဲ!!!”

“ဟာ၊ ဘာတွေလျှောက်တွေးနေတုန်း၊ လာစမ်းကွာ”

သူ့ကိုဆောင့်ဆွဲပြီး ဘုဏ်းကိုကျ အားဟန်ကလက်ပြသည်။

“ကျေးဇူးပဲဘုဏ်း၊ အတန်းရှိသေးတယ်မလား သွားတော့”

“‌အင်း၊ ငါသွားပြီ”

လှည့်ထွက်သွားတဲ့ဘုဏ်းက သူ့ကိုတောင် ဘာမှရှင်းမပြသွား။ အားဟန်ကလည်း သူ့လက်မောင်းကိုအတင်းဆွဲပြီး အပေါ်တက်ဖို့ပြင်နေပြီ။

“ရှင်းပြဦးလေ၊ မင်း သူနဲ့အပြင်မှာအိပ်ခဲ့တာလား”

“နားငြီးတယ်ကွာ၊ ငါပင်ပန်းနေလို့အိပ်ဦးမယ်”

အခန်းပြန်ရောက်တဲ့အထိ သူ့အားဘာစကားမှမပြောဘဲ ထိုးအိပ်လေတော့ အတော်ခံရခက်သွားသည်။
အားဟန်တို့ကြားထဲကဆက်ဆံရေးကို သူ အမျိုးမျိုး စနောက်နေခဲ့တာ အခုတော့တကယ်ဖြစ်သွားတာလားလေ။

......

အိပ်ရေးဝဝအိပ်လိုက်တော့မှ ခေါင်းကိုက်တာလည်းသက်သာသွားသလို စိတ်လည်းလန်းသွားသည်။

ပြုံးပြုံးလေးနဲ့မျက်စိလေးကိုအဖွင့် သူ့ဘေးရောက်နေခဲ့တဲ့ မားနဲ့ပါးကိုတွေ့လိုက်ရသည်။

“အားး...ဘာလို့ရောက်နေတာလဲ”

သူမေးတော့ မားကသက်ပြင်းချပြသည်။ ပါးကလည်း သူ့အားကြည့်ရင်းက ခေါင်းတွေရမ်းသည်။

Min Nae Mha (Complete)Where stories live. Discover now