Chapter-1

710 12 0
                                    

2007 ခုနှစ်
အသက် 11 နှစ်သားအရွယ် Kim Doyoung တစ်ယောက် သူ့အပေါ်ထပ်အခန်းပြတင်းပေါက်ကနေ သူတို့ဘေးအိမ်ကိုပြောင်းလာတဲ့ သူတွေကို ခိုးကြည့်နေရင်း အဲ့ထဲမှာမှ သူ့ထက် နည်းနည်းငယ်လောက်မယ့် ကလေးလေးတစ်ယောက် အရုပ်လေးကိုပိုက်လို့ သူတို့အိမ်ဘက်ကိုလှမ်းကြည့်နေတာမြင်တော့ ပြတင်းပေါက်ကနေတာ့တာ လှမ်းပြလိုက်ပြီး သူ့တာ့တာ ပြတာကို ကြောင်ဝါလေးနဲ့တူတဲ့ကောင်လေးက သူ့ကို ဘုကြည့်ကြည့်နေတာတွေ့တော့ သူ့အနောက်မှာ ရှိနေတဲ့သူ့မေမေကို

"မေမေ အခုခေတ်ကလေးတွေက အကြီးက တာ့တာ လှမ်းပြတာကို ဘုကြည့်ပြန်ကြည့်တာ အဲ့လ်ုပဲလား"

သူပြောတာကို မေမေက တချက်ရယ်လိုက်ပြီး

"သားကိုသေချာမမြင်လို့နေမှာပါ ဘယ်သူတုန်း ပြပါဦး"

"အထဲဝင်သွားပြီ ဟိုဘက်အိမ်ကိုလူသစ်တွေပြောင်းလာတယ် မေမေ အဲ့မှာကြောင်ဝါလေးနဲ့တူတဲ့ ကလေးသေးသေးလေးလည်းပါတယ်"

"ဟုတ်လား နက်ဖြန် မေမေတို့မုန့်လုပ်စားမှာ အဲ့ခါကျမှ မုန့်သွားပို့ရင်း မိတ်ဆက်ကြတာပေါ့"

Doyoung ကတော့သူ့မေမေပြောတာကိုအာရုံမရ ကားပေါ်ကမှုန်ကုတ်ကုတ်ဆင်းလာပြီး သူတာ့တာပြတာကို ဘုကြည့်ကြည့်သွားတဲ့ ကြောင်ဝါလေးကို ပြန်တွေးမိပြီး ခေါင်းခါပြီး ရေးလက်စအိမ်စာပဲ ဆက်ရေးနေလိုက်လေသည်။

xxxxxxxxx

နောက်ရက် မေမေနဲ့သူ လက်မှာ ချိုင့်ကိုယ်စီနဲ့ အိမ်နီးချင်းတွေကို မုန့်လိုက်ဝေဖို့ ဟိုဘက်ကြောင်ဝါလေးအိမ်သွားဖို့လုပ် သူတို့အိမ်ရှေ့အရောက် ကလေးတစ်ယောက်ငိုနေတဲ့ အသံ ကြားလို့ သူတံခါးအဖြူလေးရှေ့ ခြေဖျားထောက်လို့ ခေါင်းပြူကြည့်လိုက်တော့ သစ်ပင်ပုလေးနားမှာ ငိုနေတဲ့ ကြောင်ဝါလေးကိုတွေ့လိုက်ရသည် ။ အဲ့မှာသူ့မေမေက ဘဲတီးရင်း

"ကလေး ဘာလို့ငိုနေတာလဲ သားမေမေကော မငိုနဲ့တိတ်တိတ်"

သူ့မေမေအသံကြောင့် အိမ်ထဲက ကြောင်ဝါလေးမေမေလို့ ယူဆရတဲ့ အန်တီတစ်ယောက်ထွက်လာပြီး

"ဟုတ်ကဲ့ဘယ်သူလဲ မသိဘူး ဟင် ငြိမ်း"

"ဟယ် AYE ပါလား ဒီမှာ အိမ်မှာမုန့်လုပ်စာရင်း ဘေးအိမ်တွေကိုပါလိုက်ဝေရင်း လူသစ်တွေ ပြောင်းလာတယ်ဆိုလို့ လာပို့တာ AYE တို့အိမ်ဖြစ်နေတာလား"

Still with you (JaeDo-Tae)Where stories live. Discover now