Chapter-24

114 13 8
                                    

Doyoung ဝိုင်ခွက်အားသောက်မလို့ကိုင်လိုက်ပြီးကာမှ Jaehyun မေးလိုက်တဲ့စကားကြောင့် Jaehyun အားကြည့်လိုက်ပြီး သူဘာပြန်ပြောရမှန်းမသိဖြစ်သွားချိန်

"ဘာလို့ Jae ကို ဟုတ်လား မဟုတ်ဘူးလားတောင်မမေးပဲ ထွက်သွားရက်တာလဲ"

"ကိုကိုသာလာ​မေးခဲ့ရင် အခြေအနေကပြောင်းလဲသွားနိုင်တယ်မှတ်လား"

"Jae"

"Hye Mi နဲ့က ကိုကိုထင်ခဲ့သလိုမဟုတ်ပါဘူး အဲ့နေ့က ကိုကိုမြင်ခဲ့တဲ့ အနမ်း အဲ့တာ Hye Mi ကခြေထောက်ခေါက်သွားလို့ဆိုပြီး Jae ကိုအကူညီတောင်းတဲ့အချိန်သူ့အနားသွားပါမှ ရုတ်တရက်ကြီး သူ့ဘက်ကစနမ်းလိုက်တာပါ Jaeလည်းသိခဲ့ဘူး ကိုကို Jae ကိုအထင်လွဲသွားမှန်း ဟိုတလောကမှ Johnny Hyung နဲ့တွေ့ပြီး အဖြစ်မှန်တွေသိခဲ့ရတာ "

Doyoung ​မယုံနိုင်စွာ Jaehyun အားကြည့်လိုက်ပြီး အဲ့အချိန်မျက်ရည်တွေလည်းဝဲတက်လာကာ

"ဘာလို့ ရှင်းပြဖို့တောင်အခွင့်အရေးမပေးခဲ့ရတာလဲဟင်"

"......."

"ပြောပါဦး Kim Doyoung ကျွန်တော့်ကိုချစ်တယ်ဆို ဘာလို့ရှောင်ပြေးခဲ့တာလဲ"

Doyoung ထပ်ကြားလိုက်ရသောစကားကြောင့်မယုံနိုင်စွာဖြင့် Jaehyun အားမျက်ရည်တွေနဲ့မော့ကြည့်လိုက်ပြီး

"ပြောပါဦး ဘာလို့များ Instagram မှာတောင်လက်မခံရတာလဲ ဘာလို့များအမြဲတစ်ဖက်သတ်ဆုံးဖြတ်ချက်ချရတာလဲ"

Doyoung ဘာမှဆက်မပြောနိုင်တော့ သူဆက်တိုက်ငိုကြွေးနေပြီး

"ကျွန်တော့်အချစ်ဥိီးက ကိုကို ဆိုတာကိုကောသိလား"

Doyoung ခေါင်းတွေခါလိုက်ပြီး အသံတုန်ယင်စွာဖြင့်

"Yuno ah ငါ...ငါ"

"ကျွန်တော့်မှာလေ ကိုကို Jae ဆီလာပြီး ဖွင့်ပြောမယ်လို့လုပ်ခဲ့တဲ့အဲ့ရက် အထင်လွဲပြီး ကျွန်တော့်ကိုကျောခိုင်းသွားတဲ့အဲ့ရက် အဲ့ညမှာပဲ ကျွန်​တော်ကိုကို့ကို ဖွင့်ပြောမယ်လို့ ရည်ရွယ်ခဲ့တာ"

Still with you (JaeDo-Tae)Where stories live. Discover now