Chapter-6

96 10 0
                                    

"ဟဲ့ Hye Mi ဟိုမှာင့်crush လာပြီ"

သူမလှည့်ကြည့်လိုက်တော့ Jeong Jaehyun or Jeong Yuno သူမ က ဒီနှစ်မှ ကျောင်းပြောင်းလာတာဖြစ်ပြီး သူမက တော်တော်လှတဲ့အထဲမှာပါသည်။ပြီးတော့ Hye Mi အဖေကလည်း နှလုံးအထူးကုဆရာဝန် သူမကျောင်းရောက်ရောက်ချင်းပထမဆုံးသတိထားမိတာက ပါးချိုင့်နက်နက်လေးနဲ့ အသားဖြူဖြူကောင်လေး တချိန်တည်းမှာချစ်ဖို့ကောင်းပြီး ကြည့်ကောင်းတဲ့ရုပ်ချောတဲ့ဒီကောင်လေးက စာလည်းတော်ပြီးအမေကလည်း ဆရာဝန်ဆိုတော့ ဒီလောက်ဆို သူမချစ်သူဖြစ်ဖို့ သင့်တော်နေပြီမဟုတ်ဘူးလား ဒါပေမယ့် သူမဘယ်လိုပဲအထာပေးပေး သူကသူမကိုစိတ်ဝင်စားတဲ့ပုံတော့မပြ ဒါပေမယ့် Hye Mi ကလက်မလျော့ပါ ဘာလို့ဆို Jeong Jaehyun ကသူမအချစ်ဦးမှတ်လား

"Jaehyun ဒါဒီနေ့ ငါကိုယ်တိုင်လုပ်လာတဲ့ brownie လေးင့်အတွက် လက်ဆောင်"

Jaehyun သူ့ရှေ့မုန့်ဘူးလေးကိုင်ပြီးပေါ်လာတဲ့ Hye Mi ကိုတချက်ကြည့်လိုက်ရင်း သူ့အတွေးတွင် မနေ့ညက Doyoung ကိုသူနမ်းလိုက်မိတဲ့ပုံရိပ်တွေပြန်ပေါ်လာကာ ဟုတ်ပြီ ဒါငါ့ကိုယ်ငါ သေချာသိနိုင်မယ့်အခွင့်အရေးပဲ လို့တွေးပြီး သူ့ကိုကမ်းပေးလာတဲ့မုန့်ဘူးလေးကိုလှမ်းယူလိုက်ရင်း

"ကျေးဇူးနော် ကောင်းကောင်းစားပါ့မယ်"

Hye Mi အရမ်းအံ့သြသွားပြီး အရင်ကဆိုသူမဘာပေးပေးအမြဲငြင်းတဲ့သူက အခုလက်ခံနေပြီဆိုတော့ သူမမှာမျှော်လင့်ချက်ရှိလာပြီမဟုတ်ဘူးလားJaehyunသူ့ရှေ့ကထွက်သွားတာနဲ့ Hye Mi ဘေး သူမသူငယ်ချင်းတွေရောက်ချလာပြီး

"ဟဲ့င့်မှာမျှော်င့်ချက်ရှိနေပြီင့်ကိုလည်းစိတ်ဝင်စားနေတယ်ထင်တယ်"

Hye Mi သူမသူငယ်ချင်းတွေပြောတာနားထောင်နေရင်း ပြုံးလိုက်ပြီး

"လာအတန်းထဲဝင်ကြစို့"

xxxxxxx
အဲ့ညနေအတန်းဆင်းတော့ သူမ Yuno နောက်ကိုပြေးလိုက်ရင်း

Still with you (JaeDo-Tae)Where stories live. Discover now