Doyoung တစ်ယောက်တည်းအခန်းထဲမှာ စာလုပ်နေခိုက် ဘေးအိမ်က ကြောင်ဝါလေးတို့အိမ်ကနေ ခွမ်း ဆိုတဲ့ တစ်ခုခုကြကွဲသံကြားလိုက်ရသောကြောင့် စာလုပ်နေရာကနေ ချက်ချင်းပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ခြံထဲကို Yun-O လေးပြေးထွက်လာတာတွေ့တော့ သူချက်ချင်းပဲ သူ့အခန်းထဲက ထွက်ပြီး သူ့မေမေကို လှမ်းအော်လိုက်ရင်း
"မေမေ သား Yun-O ဆီသွားလိုက်ဦးမယ်နော်"
သူ့မေမေ ပြန်ပြောတဲ့အသံတောင်မစောင့်တော့ပဲ ချက်ချင်းအိမ်ထဲက ပြေးထွက်သွားပြီး ကြောင်ဝါလေးတို့ခြံရှေ့ရောက် သူထင်တဲ့တိုင်း အရင်တခါ သစ်ပင်ပုလေးနားမှာ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်၍ ငိုနေသည့် Yun-O ကိုတွေ့လိုက်ရတော့ သူချက်ချင်း တံခါးတွန်းဖွင့်၍ Yun-O ရှေ့ထိုင်ချလိုက်ပြီး
"Yun-O ကိုကိုနဲ့ ရေခဲမုန့်သွားစားကြမလား"
" ......"
Doyoung ငိုနေတဲ့ကြောင်ဝါလေးလက်လေးကို ဆွဲကာ Yun-O တို့အိမ်ထဲ လှမ်းအော်လိုက်ရင်း
"အန်တီ သား doyoung ပါ Yun-O လေးကိုသားတို့အိမ် ခဏခေါ်သွားမယ်နော်"
သူထင်ပါတယ်အရှေ့ခန်းမှာ လူရိပ်တွေ့တော့ ကြားမယ်လို့တွေးပြီး Yun-O လက်လေးကိုင်၍ Yun-O တို့အိမ်ကနေ နှစ်ယောက်သားထွက်လာခဲ့လိုက်လေသည်။
Mini mart ရှေ့ရောက် သူလောလောနဲ့ထွက်လာတာနဲ့ ပိုက်ဆံကောပါလာရဲ့လား သူ့အိပ်ကပ်ထဲလက်နှိုက်ကြည့်ရင်း
"အင်းမုန့်ဖိုးက ရေခဲမုန့်နှစ်ခုစာတော့လောက်လောက်ပါတယ်... Yun-O ကဘာအရသာကြိုက်လဲ စတော်ဘယ်ရီလား၊ နို့လား၊ ချောကလက်လား"
သူလက်လေးကိုတင်းတင်းဆုပ်ကိုင်ထားတဲ့Yun-O လေးငိုထားလို့ မို့အစ်နေတဲ့မျက်နှာလေးနဲသူ့ကိုမော့ကြည့်လိုက်ရင်း
"Choco"
"ချောကလက်လား အင်း ကိုကိုဝယ်ကျွေးမယ်နော် ဒါမယ့် တစ်ခုရှိတယ် ကိုကိုကကျ Yun-O လေးကသိလို့ ကိုကိုပေးတဲ့မုန့်စားလို့ရပေမယ့် တခြားမသိတဲ့သူက ဘာကျွေးကျွေးယူလည်းမယူရဘူး စားလည်းမစားရဘူးနော်"
YOU ARE READING
Still with you (JaeDo-Tae)
Fanfiction🎵 I would never leave you Wonder how you left me You left me feeling empty🎵 🎵 Close your eyes, go to sleep Know my love is all around Dream in peace, when you wake You will know I'm still with you🎵