Doyoung တံခါးခေါက်သံကြောင့်ချက်ချင်းလှည့်ကြည့်လိုက်တော့ သူမြင်လိုက်ရတာက မတွေ့တာအရမ်းကြာနေပြီဖြစ်သည့် သူ့ရဲ့ကြောင်ဝါလေး Yuno သူမြင်မြင်ချင်းYuno အနောက်မှာ Hye Mi များပါလာလေမလားဆိုပြီးကြည့်လိုက်တော့ Hye Mi မဟုတ်တဲ့နောက်ထပ်ကောင်လေးတစ်ယောက် ကမ္ဘာကြီးကအဲ့လောက်ကျဥ်းလား Taeyong က Yuno ရဲ့အကိုဖြစ်နေတာလား...
Jaehyun မြင်နေရတဲ့သူ့မျက်လုံးသူမယုံနိုင် ဘယ်လိုလုပ် ကိုကိုကဒီနေရာမှာ ကိုကို့ရဲ့ရှေ့မှာထိုင်နေတဲ့သူကို လှမ်းကြည့်လိုက်တော့ သူ့အကို Taeyong အဲ့တာဆို ကိုကိုဒိုယောင်းက သူ့အကိုလက်ထပ်မယ့်သူလား သူတစ်ကိုယ်လုံးအေးစက်သွားကာ ဘေးမှာထိုင်နေတဲ့ WinWin အား အားကိုးရာမဲ့စွာလှည့်ကြည့်လိုက်ပြီး အဲ့အချိန် Doyoung mom က
"သား Yuno မှတ်လား အမလေးချောလာလိုက်တာ ငယ်ငယ်ကလည်းချောပေမယ့်အခုပိုကြည့်ကောင်းလာတယ်"
Taeyong က Yuno ဘက်သို့လှမ်းကြည့်လိုက်ကာ ပြုံးပြလိုက်ပြီး Doyoung ထံသို့မေးငေါ့ကာ
"ညီလေးနဲ့ငယ်ငယ်ကအသိလား"
Doyoung ခပ်ဖြည်းဖြည်းပဲခေါင်းငြိမ့်လိုက်ပြိီး
"အင်း"
"ဟုတ်တယ် ငြိမ်းရေ သားက အခုဆိုနာမည်ကျော်သီချင်းရေးဆရာတောင် ဖြစ်နေပြီ ငြိမ်းတို့က စီးပွားရေးသမားတွေဆိုတော့ အနုပညာဘက်သိပ်မသိလောက်ဘူးထင်တယ်"
"ဟုတ်လား တေးရေးဆရာတောင်ဖြစ်နေပြီလားတော်လိုက်တာကွယ်"
အဲ့အချိန် Doyoung သူတစ်ခုတွေးမိသွားပြီး ဖုန်းချက်ချင်းကောက်ကိုင်ကာ naver မှာ Jeong Jaehyun ဆိုပြီး ရှာလိုက်တော့ သူတွေ့လိုက်ရတာက
Page မှားတင်သည့် Case သူမြင်လိုက်ရတဲ့ Hye Mi ရဲ့ မဂ်လာဝတ်စုံနဲ့ပုံက နောက်လာမယ့် သီချင်းတဲ့လား ပြီးတော့ Hye Mi နဲ့ Jaehyun rumours ကိုငြင်းထားတဲ့သတင်း
Doyoung သူမြင်လိုက်ရတဲ့သတင်းတွေကြောင့်ဖုန်းပြုတ်ကျတော့ အကုန်လုံးကသူ့ကိုလှမ်းကြည့်ကြပြိီး
"Sorry ပါ"
သူစိတ်နဲ့ကိုယ်မကပ်တော့ မှားသွားပြီလား သူအထင်မှားနေခဲ့တာပဲ Yuno က Hye Miနဲ့လက်ထပ်တာမဟုတ်ဘူးပေါ့ အခုချိန်ကျမှ ဒီလိုပွဲကျမှ Yuno နဲ့သူကိုဆုံခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို သူဘယ်လိုအပြစ်တင်ရမလဲ သူYuno ကိုလှမ်းကြည့်လိုက်တော့ သူ့ကိုကြေကွဲစွာကြည့်နေတဲ့ မျက်ဝန်းတစ်စုံ သူ Yuno အကြည့်တွေနားမလည်ခဲ့
YOU ARE READING
Still with you (JaeDo-Tae)
Fanfic🎵 I would never leave you Wonder how you left me You left me feeling empty🎵 🎵 Close your eyes, go to sleep Know my love is all around Dream in peace, when you wake You will know I'm still with you🎵