ဒီလိုနဲ့ Taeyong အိမ်ပြန်ရောက်လာတော့သူ့အတွေးတွေဟိုတစ်စ ဒီတစ်စပြန့်ကြဲလို့
"Yuta"
"အင်း ပြော"
"မနက်ဖြန် ငါနဲ့လိုက်ခဲ့ပထမနှစ်အဆောင်ကိုသွားမလို့"
"ဟမ် Fresher လေးတွေချောလားသွားကြည့်မလို့လား"
"အင်း...အဲ့လိုပဲ ထားပါတော့ ငါလူတစ်ယောက်ကိုရှာစရာရှိလို့"
"ဘယ်သူ မင်းဘက်ကတစ်စုံတစ်ယောက်ကိုစိတ်ဝင်စားတယ်ဆိုတာ ရှိတယ်ပေါ့"
"အင်းရှိတယ်.......တစ်ယောက်"
လို့Taeyong ပြောပြီးသူ့အတွေးတွေထဲမှာပေါ်လာတော့ပြုံးနေလိုက်လေသည်။
xxxxxxxxxxxxxxxx
Taeyong & Yuta စာသင်ဆောင်ဘက်လျှောက်နေခိုက်
"Taeyong မင်းသွားနှင့်ငါဟိုမှာငါ့အသိတွေ့လို့သွားနှုတ်ဆက်လိုက်ဦးမယ်"
"ဟမ် အေးအေး အဲ့တာဆို စာကြည့်တိုက်ဘက်သွားလိုက်ဦးမယ် ပြီးရင်အဲ့ကိုပဲလိုက်ခဲ့တော့"
"အေးအေး"
ဒီလိုနဲ့ Taeyong လည်းဟိုကြည့်ဒီကြည့်နဲ့ Doyoung ကိုများတွေ့လိုတွေ့ငြားလိုက်ရှာရင်း အဲ့အချိန် စာအုပ်စင်ကြားထဲကနေ နားကျပ်လေးတပ်၍ထွက်လာသည့် လူတစ်ယောက်နဲ့ သူတိုက်မိသွားတဲ့အချိန် အဲ့လူရဲ့လက်ထဲက ကိုင်ထားတဲ့စာအုပ်တွေလက်ထဲကနေကြမ်းပြင်ပေါ်ပြုတ်ကြသွားတော့သူကူကောက်ပေးလိုက်ရင်း
"Oh sorry ပါကျွန်တော်မမြင်လိုက်လို့"
Taeyong ပြောပြောဆိုဆိုမော့ကြည့်လိုက်တဲ့အချိန်ဟင် Doyoung ပါလားသူဒိုယောင်းနဲ့အကြည့်ချင်းစုံသွားတဲ့အချိန် ရင်ထဲမှာလိပ်ပြာအကောင်တစ်သိန်းလောက်ပျံသန်းသွားသလိုခံစားချက်
"ရပါတယ် ကျွန်တော်လည်းသေချာမကြည့်ပဲထွက်လာတာ"
အဲ့လိုနဲ့ဒိုယောင်းကသူ့ဘေးကထပ်ထွက်သွားမလို့လုပ်တဲ့အချိန်
"ဟိုဟာလေ ကိုယ့်ကိုမမှတ်မိဘူးလား"
လို့Taeyong ဆိုလိုက်တော့ Doyoung ကတည်ငြိမ်တဲ့အကြည့်တွေနဲ့လှည့်ကြည့်လိုက်ပြီး
YOU ARE READING
Still with you (JaeDo-Tae)
Fanfiction🎵 I would never leave you Wonder how you left me You left me feeling empty🎵 🎵 Close your eyes, go to sleep Know my love is all around Dream in peace, when you wake You will know I'm still with you🎵