Chapter-3

107 12 2
                                    

Kim Doyoung ပုံမှန်ဆို သူအတန်းဆင်းရင် Yun-O တို့အဆောင်ဘက်သွား၍ Yun-O တို့အခန်းရှေ့မှာသွားစောင့်ခေါ်ပြီးမှ နှစ်ယောက်အတူအိမ်ကလာကြိုတဲ့ကားနှင့်အတူပြန်လေ့ရှိပေမယ့် ဒီနေ့မှ စာတော်တဲ့သူကို အတန်းပိုင်ဆရာက အိမ်စာ စာအုပ်တွေ ဝိုင်းစစ်ခိုင်းနေတာနဲ့ Yun-O ကိုသွားခေါ်ဖို့နောက်ကျနေလေသည် ။

"ဆရာ ပြီးပြီ"

"ဟေ အေး​အေး ဒိုယောင်း တင်ထားလိုက်နော် အဲ့စစ်ပြီးတဲ့စာအုပ်ပုံဘက်မှာ"

"ဟုတ် အဲ့တာဆိုဆရာ ကျွန်တော်သွားပြီနော်"

"အေး အေး ဒိုယောင်း Johnny မင်းကမပြန်သေးပါလား "

"ဟုတ် ကျွန်တော် ဒိုယောင်းကိုစောင့်နေလို့"

"အေး ဟုတ်ပြိီ မင်းလည်းဒိုယောင်းလိုစာသေချာလုပ်ဦး"

"ဟီး ဟုတ် ဆရာ အဲ့တာဆိုကျွန်တော်တို့သွားပြီနော်"

Doyoung & Johnny အတူအခန်းထဲကထွက်လာပြီး အဆောင်အောက်ကို အရောက် သူတို့တွေ့လိုက်ရတာ မိုးကာအဝါလေးဝတ်ထားပြီး သူတို့နှစ်ယောက်ကို သေချာစိုက်ကြည့်နေတဲ့ Yun-O

"ဟင် Yun-O ဒီဘက်ရောက်လာတာလား ဆောတီးနော် ကိုကို နောက်ကျသွားတယ် အကြာကြီးစောင့်လိုက်ရလား"

"ဟင့်အင်း Jae တို့အခန်းတံခါးပိတ်တော့မယ်ဆိုလို့ ကိုကို့ဆီ ထွက်လာတာ အခုပဲအဆောင်ရှေ့ရောက်တာ" လို့နှုတ်ခမ်းလေးထော်ထော်နဲ့ပြောကာ

"ဟုတ်လား အင်းအင်း လာအဲ့ဆို ကိုကိုနဲ့ကျောင်းထိပ်သွားကြမယ် မေမေတို့လာပြီထင်တယ်"

သူပြောတာကိုအာရုံမရသလို Yun-O လေးက သူ့ပခုံးကိုဆက်တိုက်ဖက်ထားတဲ့ Johnny လက်ကိုကြည့်လိုက် Johnny မျက်နှာကိုကြည့်လိုက်နဲ့ အကဲခတ်နေပြီး
ရုတ်တရက်ကြီး သူ့လက်လေးကိုလာဆုပ်ကိုင်၍ Johnny ဘက်သို့လှည့်ကာ

"ကိုကို ဒိုယောင်းက Jae ကိုကို"

Johnny က မထင်ထားသောစကားကြောင့်သူ့ဘက်လှည့်ကြည့်လိုက်ပြီး အဲ့နောက် Yun-O ကိုစချင်တာနဲ့ ဒိုယောင်းပခုံးကိုပို၍ညစ်ပြီးသူ့ဘက် ဆွဲဖက်လိုက်ကာ

"ဘယ်ကသာ ဒိုယောင်းက ငါ့အပိုင် ငါနဲ့အရင်သိတာ "

"မင်းကလည်း ကလေးနဲ့အပြိုင်"

Still with you (JaeDo-Tae)Where stories live. Discover now