ဂျယ်ဂျူကျွန်းဟိုတယ်ဖွင့်ပွဲနေ့
Doyoung သူ့သူငယ်ချင်း Johnny ကိုပါလိုက်ခဲ့ဖို့ခေါ်ပေမယ့် Johnny ကအလုပ် ကိစ္စပေါ်လာလို့မလိုက်ဖြစ် အဲ့တော့ Doyoung အမေက သူတို့ငါးယောက်တည်းဖို့အတွက် Bungalow key သပ်သပ်တစ်ချောင်းပေးထားပြီး သူတို့ အထုတ်အပိုးကိုယ်စီနဲ့ ဘန်ဂလိုထဲသို့အရောက် အခန်းလိုက်ကြည့်တော့ သုံးခန်းပါပြီးသူတို့ကငါးယောက် အဲ့အချိန် Yuta က
"Taeyong မင်းနဲ့ Doyoung နဲ့သပ်သပ်တစ်ခန်းနေလိုက်, ကျန်တဲ့နှစ်ခန်းကို Jaehyun ကသပ်သပ်တစ်ခန်းနေမလား ဒါမှမဟုတ်ဘယ်လိုလုပ်ချင်လဲ အကိုက တစ်ယောက်တည်းနေလို့ရတယ် နှစ်ယောက်လည်းဖြစ်တယ်"
Jaehyun ကြားလိုက်ရသောစကားကြောင့် စိတ်ညစ်သွားပြီး သူဘာပြန်ဖြေရမှန်းမသိဖြစ်နေတဲ့အချိန် Doyoungက
"အကို ယောင်းတစ်ယောက်တည်းနေလို့ရမလား ဒီအတောအတွင်း ဟိုတယ် management အတွက် စဥ်းစားစရာလေးနည်းနည်းလည်းရှိနေလို့"
"အင်း young အဲ့လိုလုပ်ချင်လည်းရတယ်လေ အဲ့တာဆို ကိုယ် Yuta နဲ့နေလိုက်မယ် အော် Yuno က WinWin နဲ့ တစ်ခန်းနေလို့ဖြစ်တယ်မှတ်လား"
Jaehyun ချက်ချင်းပင်ခေါင်းငြိမ့်လိုက်ပြီး
"ဖြစ်ပါတယ် အကို"
အဲ့လိုနဲ့သူတို့အသီးသီးအခန်းထဲဝင်၍ အထုတ်အပိုးနေရာချလိုက်ကြကာ Jaehyun အခန်းထဲရောက်မှ သက်ပြင်းချနိုင်ပြီး
"တော်သေးတာပေါ့ WinWin ရယ် သိသာသိမမြင်စေနဲ့တဲ့ သူတို့နှစ်ယောက်ဆိုင်သူတွေဆိုတာသိပေမယ့် ငါ သူတို့နှစ်ယောက်တခန်းတည်းအတူရှိနေမှာကိုတော့ မမြင်ချင်ဘူး"
"ငါ့စိတ်ထင် မင်းကိုကို မင်းတို့နှစ်ယောက်ကြားဗျာများနေလို့ တမင်အဲ့လိုလုပ်လိုက်တာထင်တယ်"
Jaehyun မျက်လုံးထဲပြန်မြင်ယောင်လာတာက ကိုကို့ ကိုသူကြည့်လိုက်တိုင်း သူ့အကြည့်တွေကိုရှောင်နေတယ်ဆိုတာကို ပြောရရင် သူလည်းဘာဆက်လုပ်ရမှန်းမသိတော့ပါ လက်လွှတ်ဖို့ကလည်းခက်ပြီး သူတို့နှစ်ယောက်ကို မျက်စိရှေ့မှာ အတူမြင်ရတိုင်းလည်း ကိုယ့်ဝေဒနာ ကိုယ်မွေးနေသလို
YOU ARE READING
Still with you (JaeDo-Tae)
Fanfiction🎵 I would never leave you Wonder how you left me You left me feeling empty🎵 🎵 Close your eyes, go to sleep Know my love is all around Dream in peace, when you wake You will know I'm still with you🎵