Chapter-18

84 10 0
                                    

Kim Doyoung တို့လေးယောက် New York University မှာဘွဲ့ရပြီး သူနဲ့ mark က ကျောင်းကချိတ်ပေးတဲ့ E-Commerce Company ကြီးတစ်ခုမှာ intern တစ်နှစ်ဆင်းရပြီး Taeyong & Yuta ကကျ Taeyong အဖေရဲ့အသိ Law Firm တစ်ခုအောက်မှာပဲ intern တစ်နှစ်ဆင်းရလေသည်။ Taeyong က Doyoung ကို Camp ကပြန်သွားပြီးတည်းက သူ့အဖေနဲ့မိတ်ဆက်ပေးထားခဲ့ပြီး သူ့အဖေကလည်း သူတို့နှစ်ယောက်အား လိုလိုလားလား သဘောတူသည်။

Yuta-"Taeyong ငါတို့ဘာလိုလိုနဲ့ အလုပ်သင်ဆင်းတာတောင် တစ်နှစ်ပြည့်တော့မယ်နော် ဒါပြီးရင် မင်းဘာလုပ်မှာလဲ"

သူတို့လေးယောက်လုံး ညဘက်အနားယူTV ကြည့်နေရင်း စကားစမည်ပြောနေကြတာဖြစ်သည်။

"ငါက Doyoung အပေါ်မူတည်တယ်"

"ဟင် အော် ကျွန်တော်က ကိုရီးယားပြန်ရမှာ အမေတို့က အခုဆို ဂျယ်ဂျူကျွန်းမှာ အပန်းဖြေဟိုတယ်ဆောက်ပြီးပြီ ပြောတယ် အဲ့တာကော ပြီးတော့ ကျွန်တော်ကိုယ်တိုင် E-Commerce company အသေးလေးပဲဖြစ်ဖြစ် ကိုယ့်ခြေကိုယ်လက်နဲ့အရင်စတည်ထောင်ချင်လို့"

TY-"အဲ့တာဆို Korea ပြန်မှာပေါ့ အချစ်က"

"အင်း ဟုတ်တယ်"

"အဲ့တာဆို ကိုယ်ပါလိုက်ခဲ့မယ် ကိုယ့်အမေနဲ့ပါမိတ်ဆက်ပေးပြီး ကိုယ်လည်း Doyoung မိဘတွေကိုတရားဝင်နှုတ်ဆက်ချင်တယ်"

"အင်း...အကို အဲ့လိုအလိုရှိရင်ရတယ်လေ အတူသွားတာပေါ့"

Doyoung ပြောတော့ Taeyong ပျော်သွားပြီး

"အဲ့တာဆို ကိုယ်အိမ်ကိုအကြောင်းကြားထားလိုက်မယ်နော် ဒီလ ပြန်လာမယ်ဆိုတာ ကိုယ်တို့ နှစ်ဖက်မိဘတွေ့ဆုံပွဲပါ တစ်ခါတည်းလုပ်လိုက်ကြမလား ပြီးမှ မိဘတွေသဘောအတိုင်း သူတို့သတ်မှတ်ပေးတဲ့ရက်မှာပဲ
မဂ်လာဆောင်ကြမယ်လေ နော်"

Taeyong ကတက်တက်ကြွကြွပြောနေတာကြည့်ပြီး Doyoung လည်း

"အင်းပါ အဲ့လိုပဲလုပ်တာပေါ့ အဲ့တာဆို ကျွန်တော်လည်းအိမ်ကိုအကြောင်းကြားထားလိုက်မယ်"

Yuta-"ဟိုးထား ဟိုးထား မင်းတို့ကနှစ်ယောက်သားအတိုင်ဖောက်ညီညီပြောနေတာ ငါမေးတာမင်းဘယ်မှာအလုပ်လုပ်မှာလဲ မေးနေတာ"

Still with you (JaeDo-Tae)Where stories live. Discover now