"မေမေ သားအဲ့တာဆို Yun-O ဆီသွားပြီနော် သားကို ဆန်ပြုတ်လေးထည့်ပေးလိုက်ပါလား နှစ်ယောက်စာ"
"သားက ဆန်ပြုတ်သောက်မလို့လား မကြိုက်ဘူးဆို "
"အမ်းးး Yun-O အခုချိန်ဘာမှမစားချင်လောက်ဘူးထင်လို့ ဆန်ပြုတ်ပဲဖြစ်ဖြစ် သားစားရင် သူပါစားမယ်ထင်လို့ တစ်ခုခုတော့ဝင်အောင်ကျွေးရမယ်မှတ်လား"
"အင်းပါ အဲ့တာဆိုခဏစောင့် မေမေပါလိုက်ခဲ့မယ် ဆန်ပြုတ်သွားထည့်လိုက်ဦးမယ်"
ဒီလိုနဲ့ သားအမိနှစ်ယောက် Yun-O တို့ခြံရှေ့ဘဲလ်တီးလိုက်ရင်း အန်တီ Aye ကတံခါးလာဖွင့်ရင်း
"ကျေးဇူးတင်ပါတယ် Nyein ရယ်ရောက်လာပေးတာ ဒါနဲ့ Doyoung လေးပါ ပါလာတာလား"
"ဟုတ်တယ် Aye ရေ သူအိပ်ပေးမယ်တဲ့ ညီလေးကို"
"Oh ကျေးဇူးတင်လိုက်တာသားရယ်"
အဲ့လိုနဲ့ Aunty Aye က သူ့မေမေဘက်လှည့်ရင်း"Nyein ရေ အဲ့လိုဆို ကိုယ့်သားလေးကို သေချာအပ်ပါတယ် နော် Doyoung လေးလည်း ညစာမစားရသေးရင် အန်တီ ထမင်းစားပွဲမှာ အုပ်စောင်းနဲ့အုပ်ထားခဲ့တယ် ရေခဲသေတ္တာထဲမှာလည်း ရေခဲမုန့်နဲ့ အသီးတွေ ရှိတယ် ညီအကိုနှစ်ယောက်စားလိုက်ကြနော်"
အန်တီအေး ကသူ့မေမေလက်ကိုသူမ လက်လေးနှစ်ဖက်နဲ့သေချာအုပ်ကိုင်ပြီး
"တကယ် ကျေးဇူးတင်ပါတယ် တကယ်ဆို ဒီည ကလေးအနားမှာရှိပေးရမှာကို ခွဲစိတ်လူနာကလည်း အရမ်းအရေးကြီးနေတယ် အဲ့တာကြောင့်မို့ပါ"
"ကိုယ်နားလည်ပါတယ် ကလေးကို ကိုယ်တို့သေချာဂရုစိုက်လိုက်ပါ့မယ် သေချာဂရုစိုက်သွားနော် အလုပ်ကိုလည်းစိတ်ဖြောင့်ဖြောင့်လုပ်"
"ကျေးဇူးပါ Nyein ရယ် ကိုယ်မနက်ပြန်ရောက်မှာပါ Doyoung သားလေးကောပဲ ကျေးဇူးပါ ကလေး အန်တီသွားပြီနော်"
"ဟုတ်ကဲ့"
ဒီလိုနဲ့ အန်တီအေး ကကားမောင်းထွက်သွားပြီး သူ့မေမေက မီးဖိုချောင်ထဲသွား၍ ဆန်ပြုတ်တွေစားပွဲပေါ်တင်လိုက်ရင်း
"မေမေ အဲ့တာဆို သား Yun-O အခန်းထဲသွားလိုက်ဦးမယ် မေမေကောအိမ်ပြန်တော့မှာလား"
YOU ARE READING
Still with you (JaeDo-Tae)
Fiksi Penggemar🎵 I would never leave you Wonder how you left me You left me feeling empty🎵 🎵 Close your eyes, go to sleep Know my love is all around Dream in peace, when you wake You will know I'm still with you🎵