Chapter-30

141 9 8
                                    

Kim Doyoung မောင်းလာတဲ့ကားလေး ဒီလိုနဲ့ Taeyong အိမ်ရှေ့သို့ရောက်သွားတော့ သူ ဖုန်းထုတ်လိုက်ပြီး အစ်ကို ဆိုတဲ့နံပါတ်လေးအား နှိပ်လိုက်ကာ

📞Hello Young

📞 အစ်ကို Young ပြောစရာရှိလို့

📞အင်းပြောလေ

📞မဟုတ်ဘူး ဖုန်းကမဟုတ်ပဲ Young အခု အကို့အိမ်ရှေ့ရောက်နေပြီ

📞အော်

📞အဲ့တာ အကိုဆင်းလာလို့ရလား

📞........

📞ဘာပြောမလို့လဲ အိမ်ထဲဝင်လာခဲ့လေ အပေါ်မှာ Yuta လည်းရှိတယ်

📞ဝင်မလာတော့ပါဘူး Young အပြင်မှာစောင့်နေတယ် အစ်ကို ဆင်းလာခဲ့နော်

Taeyong သက်ပြင်းတစ်ချက်ချလိုက်ပြီး

📞မဖြစ်မနေ ပြောမှရမှာလား

📞အင်း

Taeyong ဖုန်းချလိုက်ပြီး သူ့ကိုကြည့်နေတဲ့ Yuta အား

"ငါဘယ်လိုလုပ်ရမလဲ Yuta"

"Taeyong ah"

"ငါဆင်းလိုက်ဦးမယ်နော် အောက်မှာ Young စောင့်နေတယ်"

Yuta အပေါ်ထပ် စတေကာမှန်အမည်းတွေကပ်ထားတဲ့အခန်းကနေ လှမ်းကြည့်လိုက်တော့ အောက်မှာစောင့်နေတဲ့ Doyoung အားတွေ့လိုက်ရပြီး အော် ဒီလိုနေ့ရောက်လာပြီပဲ

Taeyong ခြံတံခါးအားဖွင့်၍ အပြင်ထွက်သွားတော့ သူ့ဆီလျှောက်လာတဲ့ Doyoung ကိုတွေ့တော့ သူငေးကြည့်​နေမိသည်....အော် မျက်နှာလေးတောင်ချောင်ကျသွားပါလား

"အစ်ကို"

"အင်း"

"Young တောင်းပန်ရမယ့် ကိစ္စရှိတယ်"

"ဘာအတွက်လဲ တောင်းပန်ရမယ့်ဟာမျိုးဆို မပြောပါနဲ့"

"ကျွန်တော်တို့..."

Doyoung သူ့နှုတ်ကပြောမထွက် သူ့မျက်ဝန်းတွေဆိီသို့ မပြောပါနဲ့လို့ အသနားခံနေတဲ့ အစ်ကို့ အကြည့်တွေကို သူဘယ်လိုပြောထွက်ရမလဲ

"ဟိုဟာလေ ကိုယ်အခုမှ သတိရတယ် နောက်အပတ်ထဲ အဖေရောက်မယ်ပြောတယ်"

Still with you (JaeDo-Tae)Where stories live. Discover now