Chapter-13

88 10 4
                                    

ဒီလိုနဲ့လကုန်တော့ သူနဲ့ Mark နှစ်ယောက် Taeyong အိမ်ကိုပြောင်းလာကြပြီး Taeyong ကတော့ Yuta နောက်တစ်ယောက်ကိုပါလူပိုထပ်တင်တာနဲ့ပတ်သတ်ပြီး Yuta ကဘာမှ complain တက်မလာတာကိုကြည့်ပြီးထူးဆန်းနေမိသည်

Doyoung ရဲ့အိတ်တွေကို သူကူညီပြီးသယ်ပေးနေချိန် Yuta ကပါ Mark ရဲ့အထုတ်အပိုးတွေကိုပါ ကူသယ်ပေးနေလေသည်..သူတို့သူငယ်ချင်းနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး အချင်းချင်းနားလည်သည့်အပြုံးတွေနဲ့ ပြုံးလိုက်ကြပြီး

"ကျေးဇူးပါ အိမ်ရှင်ကပါ အထုတ်တွေကူသယ်ပေးရတယ်လို့ ..ညနေစာကျွန်တော်အကုန်လုံးအတွက်ချက်ကျွေးပါရစေ"

"မလုပ်ပါနဲ့ ဒို​ယောင်းတစ်ယောက်တည်းပင်ပန်းမှာပေါ့ ဒီလိုလုပ်ပါလား ကိုယ်တို့ခြံထဲမှာ အကင်ကင်စားလို့ရတယ် အကုန်အတူတူစုပြိီး ကင်စားကြတာပေါ့ ပြောင်းလာတဲ့အနေနဲ့ အမှတ်တရလည်းဖြစ်အောင်"

အဲ့လိုနဲ့ Mark ကလည်း

"ဟုတ်တယ် အဲ့တာကောင်းတယ် အဲ့လိုမကင်စားရတာတောင်ကြာပြီ ပျော်စရာကြီး"

Yuta က Mark ကိုပြုံးကြည့်လိုက်ကာ

"အဲ့လိုဆို ငါနဲ့ Mark နဲ့ အတူmarket သွားပြီး လိုအပ်တဲ့အသားတွေသွားဝယ်လိုက်မယ် မင်းတို့မှာစရာ ထပ်ရှိရင်လည်း စာရင်းပေးလိုက် ဝယ်လာခဲ့ပေးမယ်"

"အင်း အဲ့လိုပဲလုပ်ကြတာပေါ့"

xxxxxxxxxx

ညရောက်တော့ Yuta & Mark ကအသားတွေကင်နေကြပြီး သူနဲ့ဒိုယောင်းကတော့ နိုင်ငံခြားသားတွေအတွက် ကင်ချီစတူးလုပ်ကျွေးမယ်ဆိုပြီး Kitchen မှာအတူချက်ပြုတ်နေရင်းနဲ့ သူ ဒိုယောင်းဘက်လှည့်ကြည့်ကာ

"Doyoung ကတကယ်ချစ်ဖို့ကောင်းတယ်နော်"

Doyoung အဆက်အစပ်မရှိ ကြားလိုက်ရသောစကားကြောင့် Taeyong ဘက်လှည့်ကြည့်လိုက်ပြီး ရယ်လိုက်ရင်း

"ဘယ်လို..အဆက်အစပ်မရှိ"

"တကယ်..အထူးတလည် ချစ်ဖို့ကောင်းအောင်နေလို့ ချစ်ဖို့ကောင်းတယ်ဆိုတဲ့ခံစားချက်မျိုးမဟုတ်ပဲ Doyoung ပြုမူလိုက်တဲ့အပြုအမူတိုင်းကိုက ချစ်ဖို့ကောင်းနေတာမျိုးး....ဘယ်လိုပြောရမလဲ ဖြူဖြူစင်စင်လေးရယ်"

Still with you (JaeDo-Tae)Where stories live. Discover now