Chapter-28

104 8 4
                                    

နောက်ရက်မနက် Doyoung မနိုးခင် သူစောစောအိမ်ကထွက်လာပြီး သူ့ဖုန်းကိုင်လိုက်ကာ ခလုတ်တွေက WinWin နံပါတ်ဆီသို့

📞Hello WinWin အကိုပါ Johnny အခု Jaehyun ဘယ်မှာရှိလဲ

📞အိမ်မှာပေါ့ အဲ့တာဆို အကိုလာခဲ့မယ်

Johnny ဖုန်းချလိုက်ပြီးတာနဲ့ သူ့ရဲ့ကားလေးက Jaehyun အိမ်ဆီသို့

Johnny အိမ်ထဲဝင်လိုက်တာနဲ့ သူ့ဆီ WinWin ကအပြေးလာပြီး

"အကိုလာတာနဲ့အတော်ပဲ Jaehyun မနေ့က အကို Doyoung အိမ်ကပြန်လာ​ပြီးတည်းက အဲ့လိုဖြစ်နေတော့တာပဲ"

Johnny အိမ်ထဲကြည့်လိုက်တော့ သီချင်းစာရွက်တစ်ချို့ ပြန့်ကြဲနေပြီး အဲ့နောက် WinWin ကဆက်ပြောသည်။

"ပြန်ရောက်တည်းက ဆိုဂျူတွေသောက်တာဘယ်နှစ်ပုလင်းမှန်းသိဘူး ကျွန်တော်ဘာမေးမေးလည်းမဖြေဘူး ရေးထားတဲ့သီချင်းစာရွက် album တွေအကုန်ပစ်ပေါက်ပြီး တစ်ညလုံးလည်းမအိပ်ပဲငိုနေတာ"

Johnny သူ့စိတ်ထဲ သူရောက်လာတာမှန်သွားသည် ဘာလို့အဲ့နှစ်ယောက်က ချစ်ရက်နဲ့ဝေးရမှာလဲ သူဆုံးဖြတ်ချက်ချလာပြီး Jaehyun အခန်းတံခါးအားဖွင့်လိုက်တော့

သူမြင်လိုက်ရတာက ဆံပင်တွေလည်းရှုတ်ပွနေပြီး ကြမ်းပြင်မှာလည်း ပစ္စည်းတချို့က ပြန့်ကြဲနေသည်။

"Jaehyun"

"အော် Johnny hyung ဘာလာလုပ်တာလဲ"

"အကိုမင်းကိုပြောစရာရှိလို့ မင်းသိမှဖြစ်မယ့်အကြောင်းရှိလို့ လာပြောတာ"

"ဘာအကြောင်းလဲ ကျွန်တော့်မွေးနေ့ Kim Doyoung မဂ်လာဆောင်မယ့်အကြောင်းလား"

"ဟူးးးအဲ့တာမဟုတ်ဘူး ငါပြောချင်တာ မင်းကို Doyoung အခုချိန်ထိ ချစ်နေသေးတယ် ဆိုတဲ့အကြောင်း"

"လာ နှစ်သိမ့်ပေးမနေပါနဲ့ သူသာချစ်နေသေးရင် အကို Taeyong ကိုဘာလို့လက်ခံလဲ ဘာလို့ မဂ်လာပွဲလုပ်လဲ"

"ပြီးတော့ ရက်ရက်စက်စက် ဘာလို့ကျွန်တော့မွေးနေ့မှလဲ"

"Doyoung မနေ့ညကငါ့ဆီရောက်လာတယ် အခုမင်းဖြစ်နေတဲ့အတိုင်းသူလည်း တစ်ပုံစံတည်းပဲ"

Still with you (JaeDo-Tae)Where stories live. Discover now