Taeyong အိမ်ပြန်ရောက်တာနဲ့သူမွေ့ယာပေါ်ပစ်လှဲချလိုက်ပြီး သူ့မျက်ဝန်းထဲပေါ်လာတာက Kim Doyoung သူချက်ချင်းပင် နေရာကထသွားပြီး Yuta အခန်းထဲဝင်ကာ
"Yuta မင်းအသိထဲမှာလူတစ်ယောက်အကြောင်းစုံစမ်းချင်ရင်စုံစမ်းပေးတဲ့သူတွေဘာတွေများမရှိဘူးလား"
"ဟမ် ရှိတယ်လေ မင်းကဘယ်သူ့အကြောင်းမဟုတ်မှ...Kim Doyoung လား"
"ငါသူ့အကြောင်းသိချင်တယ်စုံစမ်းပေး ငါဒီလမင်းဆီက အိမ်ငှားခမယူဘူး"
တကယ်က အခုသူတို့နေနေတဲ့အိမ်က Lee Taeyong အဖေ Taeyong အတွက်ဝယ်ပေးထားတဲ့အိမ်ဖြစ်ပြီး Taeyong အဖေ က အမေရိကန်နိုင်ငံသား သူ့အမေက ကိုရီးယားသူ၊ သူကိုရီးယားမှာ သူ့အမေနဲ့အတူ 16 နှစ်အထိနေလာပေမယ့် သူ့ပညာရေးကြောင့် သူ့အမေက အမေရိကားလွှတ်ကာ သူ့အဖေနဲ့နေစေသည်။ သူ့မိဘနှစ်ပါးက သူငါးနှစ်သားအရွယ်ထဲက ကွဲသွားတာဖြစ်ပြီး အဲ့အရွယ်တည်းကသူ့အမေနဲ့လိုက်ကာ ကိုရီးယားမှာနေလာတာဖြစ်သည်။ ကံကောင်းတာတစ်ခုက သူ့မိဘနှစ်ပါးလုံးကနောက်အိမ်ထောင်မပြုကြတာပါပဲ သူကတော့ အခုထိကို အလျှင်းသင့်ရင်သင့်သလို သူ့မိဘနှစ်ပါးကိုအောင်သွယ်ပေးနေတုန်းပင်။
xxxxxxxxxx
Mark သူအမြဲသိချင်တာက သူ့အခန်းဖော်က တစ်ခါတစ်လေ bracelet လေးကိုထုတ်ထုတ်ကြည့်ကာ နားကျပ်လေးတပ်သီချင်းနားထောင်ရင်း မျက်ရည်ကျနေတတ်တာတွေ့တော့ စပ်စုချင်ပေမယ့် ယဉ်ကျေးမှုအရတော့မမေးဖြစ်ခဲ့ ဒါပေမယ့်သူဒီညတော့ အရဲစွန့်ပြီးမေးမယ်ဆုံးဖြတ်ကာ
"ဒါနဲ့ အဲ့ bracelet လေးက Doyoung အတွက်ဘယ်လိုဖြစ်တည်မှုလဲဆိုတာ ကျွန်တော့်ကိုပြောပြလို့ရလား စိတ်မရှိရင်ပေါ့"
Doyoung မထင်မှတ်တဲ့မေးခွန်းကြောင့် Mark ဘက်လှည့်ကြည့်လိုက်ပြီး သူ bracelet ပေါ်က YN ဆိုတဲ့စာလုံးလေးကို လက်လေးနဲ့အသာပွတ်လိုက်ပြီး
"ကျွန်တော့်ဘက်က တစ်ဖက်သတ် သတ်မှတ်ထားတဲ့ Couple Bracelet လေးပါ နောက်တစ်ကွင်းက ကျွန်တော်ချစ်ရတဲ့သူကိုပေးခဲ့ပေမယ့် ဒါမယ့် အဲ့ကလေးမှာ ဆိုင်သူရှိနေတယ်"
YOU ARE READING
Still with you (JaeDo-Tae)
Fanfiction🎵 I would never leave you Wonder how you left me You left me feeling empty🎵 🎵 Close your eyes, go to sleep Know my love is all around Dream in peace, when you wake You will know I'm still with you🎵