Chapter-9

113 12 3
                                    

Kim Doyoung တစ်ယောက် New York မြေကိုခြေချလိုက်ပြီဆိုတာနဲ့သူတန်းသွားစရာနေရာကကျောင်းပဲရှိသည်လေ လောလောဆယ်သူနေဖို့ အခန်းမရှာရသေးတော့ ကျောင်းကပေးတဲ့အဆောင်မှာပဲလတ်တလောနေဖို့ဆုံးဖြတ်ထားတော့ သူ့ခြေလှမ်းတွေက သူတတ်ရမည့်ကျောင်းတော် New York University ဆီသို့
သူကိုယ်တိုင်က သီချင်းဆိုတာကိုဝါသနာပါပေမယ့် သူမိဘတွေက Business (MBA) ကိုတက်ခိုင်းတာကြောင့် လတ်တလော မေဂျာမရွေးရသေးပေမယ့် သူကတော့ Marketing ​မေဂျာကိုပဲရွေးချယ်ထားပြီးသားဖြစ်သည်။

သူ့အတွေးတွေအပြည့်နဲ့ကျောင်းတော်မုဒ်ဦးဆီသို့အဝင် သူ့ဘေးကနေတိုက်မိတော့မလိုဖြတ်မောင်းသွားတဲ့ပြိုင်ကားတစ်စီး သူအသာရှောင်လိုက်လို့သာပေါ့ မဟုတ်ရင်တိုက်တော့မှာ Kim Doyoung စိတ်တိုစွာနဲ့ ရှေ့မှာရပ်သွားတဲ့ပြိုင်ကားဆီသို့အသွား ကားပေါ်ကနေ ဆင်းလာတဲ့လူကြောင့်သူအံ့သြသွားသည် ချောတယ် မိုက်တယ်ဆိုတာထက်ပိုသည် noval ထဲကထွက်လာတဲ့ ဇာတ်ကောင်ကြနေတာပဲလို့စိတ်ထဲကရေရွတ်လိုက်ရင်း

"ဟေး ဘာလို့ကိုယ့်ကိုအဲ့လောက်စိုက်ကြည့် ဘာဖြစ်သွားသေးလဲ sorry ကိုယ်ကြောင့်
လန့်သွားတယ်ထင်တယ်"

Kim doyoung သူ့ကိုကြည့်ပြီးပြောလိုက်တဲ့သူကြောင့်

"ရတယ် ဘာမှမဖြစ်ဘူး"

လို့ပြောပြီးထွက်လာပေမယ့် နောက်တစ်ခွန်းကတော့ ကိုရီးယားလို့သူပြောမိသွားတယ်

"သူလည်းအာရှကပဲထင်တယ် ဘယ်နိုင်ငံကပါလိမ့်"

အဲ့အချိန် Lee Taeyong သူ့ဘေးကနေ ကိုရီးယားလိုပြောပြီးထွက်သွားတဲ့သူကြောင့်သူဝမ်းသာသွားပြီး ချက်ချင်းကိုရီးယားလိုပြန်ပြောလိုက်လေသည်။

"ကိုယ်က ကိုရီးယားကပါ မင်းကကော ကိုရီးယားကပဲလား ဝမ်းသာစရာပဲ အရင်ကကျောင်းမှာမမြင်ဖူးပါဘူး Fresher လား"

"ဗျာ အော်ဟုတ်ကဲ့ ကျွန်တော် အခုမှပထမနှစ်တက်မှာပါ"

"Woww ကိုယ်က ဒုတိယနှစ်က မေဂျာကတော့ Law နာမည်က Lee Taeyong"

Still with you (JaeDo-Tae)Where stories live. Discover now