(Unicode)
Chapter 20
"ခွမ်း"
"အား"
နံရံပေါ် ဖန်ခွက်ထိမှန် ကွဲအက်သွားသံနှင့် နာကျည်းစွာ ကျုံးအော်လိုက်သည့် အသံနက်ကြီးက တစ်ပြိုင်နက် ထွက်ပေါ်လာသည်။
သူ့လည်ချောင်းထဲတွင် ပူစပ်ပြီး နာကျင်နေသည်။ ထိုနာကျင်မှုက ဘယ်ကလာသလဲ သူမသိ။ အသံကုန် အော်လိုက်မိလို့လား၊ မရပ်မနား သောက်နေခဲ့သည့် အရက်တွေကြောင့်လား၊ ဒါမှမဟုတ် တခြားအရာ တစ်ခုခုကြောင့်လား။
နံရံပေါ်တွင် ဝီစကီအရည်များက စီးကြောင်းတစ်ခုလို အောက်ကို စီးကျနေသည်။ ကြမ်းပြင်ပေါ်ရှိ ဖန်ခွက်ကွဲစများက သူ့ကို လှောင်ပြောင်နေသည့်အလား။
"ရှင့်ကြောင့် ရှင့်ကြောင့်။ ရှင် ကျွန်မကို ကတိပေးထားတယ် မဟုတ်ဘူးလား"
ချယ်၊ ငါတောင်းပန်ပါတယ်။ ငါတောင်းပန်ပါတယ်...။
ဘယ်လိုပဲဖြစ်ဖြစ် သူ့နားထဲတွင် ကြားနေရသည့် ချယ့်အသံများက တိတ်မသွား။
"ရှင်ပြောတော့ ညီမလေးကို မြူတစ်မှုန်တောင် မတင်စေရပါဘူးဆို"
ဟုတ်တယ်။ ငါ အဲ့လို ကတိပေးခဲ့ဖူးတယ်။ ငါကတိမတည်ခဲ့ဘူး။
ဖန်ခွက်အသစ်တစ်လုံး ထပ်ယူလိုက်သည်။ သူမူးနေပြီလား။ မူးတော့ မူးနေပြီထင်သည်။ သို့သော် ချယ့်စကားသံများက သူ့နားထဲက ထွက်မသွားသေး။ ထိုအသံတွေ ပျောက်သွားတဲ့အထိ ဘယ်လောက်တောင် သောက်နေရဦးမှာလဲ။
"ရှင့်မျက်စိရှေ့မှာတင် ဖြစ်သွားတာ"
နီရဲနေသည့် ကတ္တရာလမ်း။ လိမ့်ထွက်သွားသည့် ရေခဲမုန့်ဘူးလေး။
သူ့မျက်လုံးထဲ ဘာကြောင့် အဲဒီမြင်ကွင်းကိုပဲ ထပ်တလဲလဲ မြင်နေရသလဲ။ တော်ပါတော့။
"ကျွန်မမှာ ဒီညီမလေး တစ်ယောက်ပဲရှိတာ။ ခုတော့ ရှင့်ကြောင့်..."
ဟုတ်တယ်။ ငါ့ကြောင့်။ ငါအသုံးမကျလို့။
သူ့လက်များက ဖုန်းနံပါတ်တစ်ခုကို သွေးရူးသွေးတန်း နှိပ်မိသည်။ တစ်ဖက်က ဖုန်းမကိုင်ပါ။ စက်ပိတ်ထားသည်တဲ့။ ဟုတ်သားပဲ။ ထိုဖုန်းနံပါတ်ကို ဆက်သွယ်လို့ မရတော့သည်မှာ တစ်ပတ်လောက် ရှိသွားပြီပဲ။
YOU ARE READING
'Crystal Light'
RandomType - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်တယ်။ ကြေမွလွယ်တယ်။ ဒါပေမယ့် အဲဒီခရစ်စတယ်ကျောက်တွေပေါ် အလင်းရောင် ထိုးထားတဲ့ အချိန်မျိုးကို မြင်ဖူးလာ...