Chapter 5 (U+Z)

2.9K 82 0
                                    

(Unicode)

Chapter 5

"ကိုကို ပါးစပ်ဟ"

"ဘာလုပ်မလို့လဲ"

"ခွံ့ကျွေးမလို့"

"ကိုယ်က ကလေးလား"

"ကိုကိုနော်... လင်းခွံ့ကျွေးတာ မစားချင်လို့လား"

ချစ်စဖွယ် နှုတ်ခမ်းစူပြနေသည့် မိန်းကလေးသည် ဘယ်ရှုထောင့်ကကြည့်ကြည့် တပ်မက်ချင်စရာအပြည့်။ မေးသွယ်သော်လည်း ပါးဖောင်းသည့် မျက်နှာလေးသည် ဆွဲညှစ်ပစ်ချင်စရာ။ ဆံပင်ကုပ်ဝဲလေးနှင့်မို့ ကလေးဆန်သယောင် အပြစ်ကင်းသယောင် မျက်နှာပေးလေးနှင့်။ နှုတ်ခမ်းပါးလေးများက ပန်းနုရောင် စိုနေသည်။

"မစားချင်ပါဘူး။ ခွံ့ကျွေးတာခံရအောင် ကိုယ်က ကလေးပေါက်စမှ မဟုတ်ဘဲ"

"ကိုကိုနော်"

"ကိုကိုနော် ဆိုတာကလွဲပြီး မင်း မပြောတတ်တော့ဘူးလား"

ပိုပြီးစူလာသည့် ကြယ်လင်းခ၏ နှုတ်ခမ်းလေးများကို ခွန်းဆက်မင်းလွင် ဖျတ်ခနဲ နမ်းလိုက်သည်။ ဒါတောင် ကလေးမက ရွှေစိတ်တော် မပြေသေး။

"တော်ပြီ။ စိတ်ကောက်သွားပြီ"

"ကောက်လေ။ ကိုယ်ကတော့ မချော့တတ်ဘူး"

"ကိုကိုနော်!"

"ဟော လာပြန်ပြီ ကိုကိုနော်။ မင်းကိုတော့ လူလား၊ ကြက်တူရွေးလား သေချာအောင် စစ်ကြည့်မှ ရတော့မယ်"

သူက ရယ်ရယ်မောမော ပြောနေပေမယ့် စိတ်ကောက်ချင်နေသည့် မရွှေချောက သူ့ရင်ဘတ်ကို တဘုန်းဘုန်း ထုတော့သည်။ သူ့ရယ်သံများ ပိုကျယ်လောင်လာသည်။

"ကဲ ကိုယ့်ကြက်တူရွေးလေး လက်တွေ နာကုန်ပါဦးမယ်ကွာ။ ကိုယ့်ရင်ဘတ်ကြီးက အနာခံနိုင်ပါတယ်။ လင်းလက်ကလေးတွေ နာသွားမှာစိုးလို့ စိတ်ကောက်ပြေလိုက်ပါတော့။ နော်"

ကြယ်လင်းခလေး၏ နှုတ်ခမ်းပါးလေးများသည် ဒီတော့မှပဲ ပြုံးလာတော့သည်။

"ပြောတော့ မချော့တတ်ဘူးဆို။ ဒီလိုမျိုးတွေကျ ပြောတတ်လား"

လင်းကို ပြန်မဖြေဘဲ ပြုံးရုံသာပြုံးပြပြီး ခုနက သူမ သူ့ကို အတင်းခွံ့ကျွေးဖို့ ကြိုးစားနေသည့် အာလူးချောင်းကြော် ပန်းကန်ထဲမှ တစ်ဖတ်ကောက်ဝါးနေလိုက်သည်။

'Crystal Light'Opowieści tętniące życiem. Odkryj je teraz