(Unicode)
Chapter 31
ည ၁၂ နာရီ...။
သန်းခေါင်ယံအချိန်မို့ ကောင်းကင်ပြင်က မည်းမှောင်နေလျက်။ သို့သော် မြေပြင်ကတော့ လင်းထိန်နေသည်။
ဆိပ်ကမ်းတစ်ခုလုံးသည် လျှပ်စစ်မီး အလင်းရောင်များအောက်တွင် လင်းလင်းချင်းချင်း။ သိပ်မကြာခင် ကုန်ပစ္စည်းများကို တင်ဆောင်မည့်သင်္ဘောများ ဆိုက်ကပ်လာကြတော့မည် ဖြစ်သည်။ ထိုအချိန်ဆိုလျှင် ဆိပ်ကမ်းတစ်ခုလုံးသည် လူများ၊ စက်ပစ္စည်းများနှင့် ပျားပန်းခတ် လှုပ်ရှားနေတော့မည်။ အခုအချိန်ကတော့ စောနေသေးသဖြင့် တိတ်ဆိတ်ငြိမ်သက်နေဆဲ။
ဆိပ်ကမ်း၏ များပြားလှစွာသော ဂိတ်များအနက်မှ တစ်ခုအနီးသို့ ကားအနက်ရောင်တစ်စီး ရောက်လာသည်။ ဂိတ်ပေါက်ဝကိုတော့မဖြတ်။ ဂိတ်ကို အတော်လေး ကျော်သွားပြီးမှ ရပ်လိုက်သည်။
"နေဦးလေ။ မဆင်းနဲ့ဦး"
ကားရပ်တာနှင့် တံခါးဖွင့်ပြီး ဆင်းတော့မည်လုပ်နေသည့် ချယ့်ကို ခွန်းဆက်မင်းလွင်က ဘေးကနေ လက်ကို လှမ်းဆွဲထားသည်။
"ဆောရီး၊ စိတ်လောနေလို့"
အပြင်မှာက မီးရောင်များနှင့် လင်းနေသော်လည်း ကားအတွင်းထဲမှာတော့ အနည်းငယ် မှောင်နေသည်။ သို့သော် သူမကို ပြုံးပြလိုက်သည့် နှစ်သိမ့်သော သူ့အပြုံးကိုတော့ မြင်နေရပါသေးသည်။
"စိတ်အေးအေးထား"
"အင်း"
တကယ်တော့ ချယ် စိတ်လှုပ်ရှားနေတာ မဟုတ်ပါ။ ကြောက်နေတာလည်း မဟုတ်။ လုပ်စရာရှိသည့် ကိစ္စများကို အမြန်ပြီးသွားချင်စိတ်၊ ဘာတစ်ခုလေးမှ အလွဲအချော် ဖြစ်သွားမှာကို သည်းမခံနိုင်သည့်စိတ်နှင့် စိတ်လောနေတာဖြစ်သည်။
ဒေါက် ဒေါက်။
ခွန်းဆက်မင်းလွင် ထိုင်နေသည့်ဘက်ခြမ်းက ပြတင်းပေါက်မှန်ကို လာခေါက်သည့်အသံ။ မှန်ချလိုက်တော့ ဘုန်းစည်းစိမ်မျက်နှာ ပေါ်လာသည်။
"အားလုံး အဆင်သင့်ပဲ သခင်လေး"
"အိုကေ"
ဒီတော့မှ သူမတို့နှစ်ယောက် ကားပေါ်ကဆင်းကြသည်။ ချယ်လည်း သူမလက်ထဲတွင် ကိုင်လာပြီးသား သေနတ်ကို စစ်စရာရှိတာစစ်ပြီး အသင့် မောင်းတင်ထားလိုက်သည်။
YOU ARE READING
'Crystal Light'
RandomType - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်တယ်။ ကြေမွလွယ်တယ်။ ဒါပေမယ့် အဲဒီခရစ်စတယ်ကျောက်တွေပေါ် အလင်းရောင် ထိုးထားတဲ့ အချိန်မျိုးကို မြင်ဖူးလာ...