Chapter 35 (U+Z)

2.6K 71 0
                                    

(Unicode)

Chapter 35

"အစ်မ..."

"စည်းစိမ်... ရောက်လာပြီလား"

ခွဲစိတ်ခန်းရှေ့သို့ အပြေးတစ်ပိုင်း ရောက်ရှိလာသည့် စည်းစိမ်က ချယ့်ကိုမြင်တာနှင့် ကလေးလေးလို ပြေးဖက်သည်။ ပြီးမှ အမောတကောနှင့် အသက်တောင် မှန်မှန်မရှူနိုင်သေးဘဲ အလောတကြီး -

"အစ်ကိုရော"

"ခွဲခန်းထဲ ဝင်သွားပြီ။ သိပ်မကြာသေးဘူး။ ဆယ့်ငါးမိနစ်လောက်ပဲ ရှိဦးမယ်"

"အခြေအနေ ဘယ်လိုလဲ အစ်မ။ စိုးရိမ်ရလား"

"မသိသေးဘူး။ ဆရာဝန်ကြီး​ ပြောတာတော့ ခွဲကြည့်မှ အထဲက အခြေအနေကို သေချာသိရမယ်တဲ့"

"အစ်ကိုကရော ဘယ်လိုနေလဲ"

"သူကတော့ သတိကောင်းကောင်း ရပါတယ်။ ဟိုကနေ ဒီဆေးရုံ ရောက်လာတဲ့အထိ သတိတစ်ချက်မှ မလစ်ဘူး။ ခွဲခန်းထဲ ဝင်ခါနီးတောင် အစ်မကို စိတ်မပူဖို့ ပြောသွားသေးတယ်"

ချွေးတွေစို့နေသည့် သူ့မျက်နှာကို စည်းစိမ် လက်ဝါးတစ်ဖက်နှင့် ပွတ်သုတ်လိုက်သည်။

"ကျွန်တော့်အစ်ကိုက အရမ်း strong ဖြစ်တဲ့လူပါ။ ဒီ့ထက်ဆိုးတာတွေတောင် သူကြုံခဲ့ဖူးပြီပဲ။ အခုလည်း အဆင်ပြေပြေ ကျော်ဖြတ်နိုင်မှာပါ။ အရမ်းစိတ်မပူပါနဲ့ အစ်မ"

"အင်းပါ"

သူမလက်တစ်ဖက်ကို ဆုပ်ညှစ်ပြီး အားပေးစကား ပြောနေသည့်ကောင်လေးကို လက်ကဆွဲခေါ်ပြီး ခွဲစိတ်ခန်းရှေ့က ခုံတန်းလျားမှာ ထိုင်ခိုင်းလိုက်ရသည်။ သူမကိုသာ စိတ်မပူဖို့ နှစ်သိမ့်နေသည်၊ သူကိုယ်တိုင် စိတ်အပူကြီး ပူနေပုံက အသိသာကြီးမလား။

ဆေးရုံရောက်သည်အထိ ချယ် တခြားဘာကိုမှ သတိမရခဲ့။ သွေးတွေ ထွက်ပြီးရင်းထွက်ရင်း နှုတ်ခမ်းတွေ ဖြူဖတ်ဖြူလျော် ဖြစ်လာသည့် မောင့်ကိုသာ စိုးရိမ်တကြီး ငေးကြည့်ရင်း သူ့လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားဖို့ပဲ အာရုံထဲမှာ ရှိခဲ့သည်။ လူနာကုတင်ပေါ် ပက်လက်လှဲနေရသူကသာ သတိတရနှင့် "စည်းစိမ်ကို ဖုန်းဆက်လိုက်ဦး ချယ်။ ဆေးရုံပတ်လည်မှာ အစောင့်တွေ ချခိုင်းထား။ ချယ်လည်း ဒီမှာပဲနေ၊ ဘယ်မှမသွားနဲ့" ဆိုပြီး စီစဥ်စရာရှိတာတွေ သူကပြန်ပြီး စီစဥ်ခိုင်းရသည်။

'Crystal Light'Wo Geschichten leben. Entdecke jetzt