(Unicode)
Chapter 29
အိမ်ပြန်ရောက်တော့ တံခါးမကြီးကို ဖွင့်ပြီးသည်နှင့် အထဲကို အရင်ချောင်းကြည့်ရသည်။ ဧည့်ခန်းထဲတွင် ချယ်မရှိ။ ထမင်းစားခန်းကို သွားကြည့်တော့လည်းမရှိ။ မီးဖိုခန်းထဲမှာလည်းမရှိ။ သူမအိပ်ခန်းက တံခါးပိတ်ထားသည်။ ကြည့်ရတာ စောစောစီးစီး ဝင်အိပ်သွားပြီနေမှာ။
ခွန်းဆက်မင်းလွင် ခြေသံမကြားအောင် အတတ်နိုင်ဆုံး ခြေကို ဖွဖွနင်းပြီး သူ့အခန်းတံခါးကိုလည်း အသံမမြည်အောင် ဖွင့်လိုက်သည်။ ခွေးမသားဘုန်းစည်းစိမ် မွှေသွားသည့်ကိစ္စကို မနက်ကျမှပဲ ရှင်းတော့မည်။ လောလောဆယ်တော့ ချယ်နှင့် မျက်နှာချင်းဆိုင် မတွေ့ရသေးလျှင် သူ မျက်နှာအပူ သက်သာသည်။
"ကိုယ့်အခန်းထဲကိုယ်ဝင်တာ ခိုးကြောင်ခိုးဝှက်နဲ့ ဘယ်လို ဖြစ်နေတာတုန်း"
"F-ck!"
ဟန်မဆောင်နိုင်လောက်အောင် လန့်အော်မိရသည့် အကြောင်းအရင်းက ထိုအသံသည် သူ့အခန်းထဲက ထွက်လာ၍။ မချယ်ရီလဲ့လဲ့သည် သူ့အခန်းထဲက တစ်ယောက်ထိုင် ဆိုဖာအသေးလေးပေါ်တွင် ခြေထောက်နှစ်ဖက် ချိတ်လျက်သား မြိန့်မြိန့်ကြီး လာထိုင်နေသည်။
"ငါ့အခန်းထဲ ဘာဝင်လုပ်နေတာလဲ"
"ဘာလဲ။ ရှင့်အခန်းထဲ မဝင်ရဘူးလား"
"မဝင်နဲ့။ ထွက်"
"မထွက်ပါဘူး။ မကျေနပ်ရင် လဲသေလိုက်"
"ငါဆွဲမထုတ်ခင် မြန်မြန်ထွက်"
"မထွက်ဘူး။ ဘူးဆိုဘူးပဲ။ မထွက်ဘူး"
"မင်းမူးနေတာလား"
"ပေါက်ပေါက်ရှာရှာ။ မူးစရာလား"
"မမူးရင် ငါ့ကို ဘာလို့ လာရစ်နေတာတုန်း"
"တကယ် မမူးပါဘူးဆို။ မယုံရင် နမ်းကြည့်ပါလား။ အရက်နံ့ရလားလို့"
ပြောပြောဆိုဆို ဆိုဖာပေါ်မှ ထလာပြီး သူ့လည်ပင်းကို လာဖက်ကာ သူမမျက်နှာလေးကလည်း သူ့နှုတ်ခမ်းနှင့် ထိလုမတတ် မော့ထားလိုက်သေးသည်။ သူ့လက်များကလည်း သူမခါးလေးကို အလိုက်သင့် ဖက်လိုက်ပြီးသား ဖြစ်နေသည်။
YOU ARE READING
'Crystal Light'
RandomType - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်တယ်။ ကြေမွလွယ်တယ်။ ဒါပေမယ့် အဲဒီခရစ်စတယ်ကျောက်တွေပေါ် အလင်းရောင် ထိုးထားတဲ့ အချိန်မျိုးကို မြင်ဖူးလာ...