(Unicode)
Chapter 23
"ဘာ။ ရှင်ဘာပြောလိုက်တယ်"
ပြုံးချင်တာလိုလို မပြုံးချင်လိုလို လုပ်နေသည့် သူ့ရုပ်ကြီးကို ဆွဲလုပ်ပစ်လိုက်ချင်သည်မှာ ပြောစရာမရှိ။
"ကြားလိုက်ရဲ့သားနဲ့ ဘာလို့ ပြန်မေးနေတာလဲ"
"ကျွန်မများ နားကြားလွဲသလားလို့ပါ။ သေချာအောင် တစ်ခေါက်လောက် ပြန်ပြောလိုက်စမ်းပါ။ ရှင် ခုနက ဘာပြောလိုက်တာလဲ။ တစ်ခေါက်လောက် သေချာပြန်ပြောပြ"
"မင်း ငါ့ချစ်သူ လုပ်ပေးရမယ်လို့"
"ရှင်ရူးသွားပြီလား"
"မရူးပါဘူး။ မင်းပဲ ခေါင်းလေးသုံးပြီး စဥ်းစားကြည့်လေ။ မင်းက ဦးမိုးမြင့်မောင်ကို လုပ်ကြံခဲ့တယ်။ ဒီတော့ သူ့သားနဲ့ သူ့လူတွေက မင်းကို ရန်လာရှာမှာ ငါစိတ်မချဘူး။ မင်းကို ကာကွယ်ပေးချင်ရင် အလွယ်ဆုံးနည်းက မင်းက ငါ့ချစ်သူပါလို့ လူသိရှင်ကြား ကြေညာထားလိုက်ဖို့ပဲ။ သွေးနက်ဂိုဏ်း ဂိုဏ်းချုပ်ရဲ့ချစ်သူကို ဘယ်သူမှ လက်လွတ်စပယ် လာမထိရဲဘူး"
"ကြယ်လင်းခတုန်းကကျတော့ရော"
"ကြယ်လင်းခက ငါ့ကြောင့်သေတာလေ။ တခြားလူက လာသတ်သွားတာမှ မဟုတ်ဘဲ"
"အဲဒီတော့ ရှင်ပြောချင်တာက ကျွန်မတို့နှစ်ယောက် ချစ်သူတွေလို့ ဟန်ဆောင်ကြမယ်လို့ ပြောချင်တာလား"
"အင်းလေ"
"စောစောတည်းက အဲ့လို ရှင်းရှင်းလင်းလင်း ပြောပါလား။ စကားကို မရှင်းမရှင်းတွေ လာလုပ်နေတယ်"
စားလက်စပေါင်မုန့်နှင့် ကောက်ပေါက်တာကိုတော့ သူမရှောင်။ တဟားဟားရယ်ရင်း အပေါက်ခံသည်။ သူမလက်နှင့် အနီးဆုံးက ထောပတ်သုတ်သည့်ဓားကို ကောက်ကိုင်တော့မှသာ လက်နှစ်ဖက်မြှောက်ပြပြီး -
"ဟိုး ဟိုး၊ ဓားနဲ့တော့ မပေါက်နဲ့လေ။ မင်းကိုစရတာ တော်တော်တော့ ပျော်စရာကောင်းသားပဲ"
"ပျော်မနေနဲ့။ မနက်စောစောစီးစီး ကျက်သရေကို မရှိဘူး"
"ငါ့ကို အဖြေပြန်ပေးဦးလေ။ ငါ့ချစ်သူ လုပ်မှာလားလို့"
YOU ARE READING
'Crystal Light'
RandomType - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်တယ်။ ကြေမွလွယ်တယ်။ ဒါပေမယ့် အဲဒီခရစ်စတယ်ကျောက်တွေပေါ် အလင်းရောင် ထိုးထားတဲ့ အချိန်မျိုးကို မြင်ဖူးလာ...