Chapter 1 : What If ...

2.7K 166 41
                                    


𝗡𝗼𝘄 𝗽𝗹𝗮𝘆𝗶𝗻𝗴:
"What If - Johnny Orlando, Mackenzie Ziegler"
02:03 ─────●───── 04:07
↻ ◁ II ▷ ↺
ᴠᴏʟᴜᴍᴇ : ▮▮▮▮▮▮▯▯▯

   ---˖⁺. ༶ ⋆˙⊹❀♡❀˖⁺. ༶ ⋆˙⊹---

"Gyuvin တဲ့လား နာမည်လေးက ခေါ်လို့ကောင်းတာပဲ"

"ဟုတ်လား မင်းနှုတ်ခမ်းတွေမှာရော မညည်းကြည့်ချင်ဘူးလား"

"ဟင်"

မျက်နှာကို ခနဲ့တဲ့တဲ့ မဲ့ပြလိုက်သော သူ့ကို ယောက်ဖအဖြစ် လက်ခံရမယ့် အနာဂတ်ကို တွေးမိလိုက်သည့် ထိုခဏမှာ Ricky ဇောချွေးပျံသွားသည်။

ဘေးကို ဝေ့ကြည့်မိတော့ လမ်းဘေးအရက်ဆိုင်လေးရဲ့ စားပွဲနဲ့နဲ့မှာ ခေါင်းငိုက်စိုက်ကျနေပြီဖြစ်သော ရည်းစားက Ricky အတွက် အကူအညီမရနိုင်။

အစ်ကိုဖြစ်သူနဲ့ မိတ်ဆက်ပေးမည်ဆိုပြီး ......... ပြီးတော့ ရွယ်တူလည်းဖြစ်တာမို့ အကြောင်းသိရအောင်ဆိုပြီး သူမက အာမခံခေါ်လာလို့သာ တွေ့ရသည်။

Kim Gyuvin သည် လုံးဝ ............ ဘာဖြစ်ချင်နေမှန်းကို မသိရသည့်လူ။

"ဒါနဲ့ စကားမစပ် ငါ မင်း တင်တွေကို သဘောကျတယ် မင်းကိုတော့ သဘောမကျပေမယ့်"

"ဟုတ်လား ကျေးဇူးပဲ"

အောင့်သက်သက်နဲ့သာ ရယ်နေရသည်။ Ricky ထပြန်ချင်စိတ်တွေက ငယ်ထိပ်ရောက်နေပြီ။ သူ့ကို ထထိုးပစ်ချင်စိတ်တွေရော အပါ။

"Gyuvin ကြည့်ရတာ ငါနဲ့ Haewon ကို သဘောမတူနိုင်ဘူးထင်တယ် ဒါမယ့် ဘယ်လိုလုပ်မလဲ ငါက Haewon နဲ့ ဆက်တွဲနေဦးမှာ"

"အိုး ငါက အေးဆေးပါ မင်း လုပ်နိုင်မယ်ထင်ရင် လုပ်သာလုပ်"

"ငါက Haewon ကို တကယ်ချစ်တာ Haewon ကို ပျော်ရွှင်အောင်ထားဖို့လည်း ကတိပေးနိုင်တယ် Haewon အတွက်ဆို ဘယ်သူတွေကို ဆန့်ကျင်ရဆန့်ကျင်ရ ဘယ်သူတွေနဲ့ အတိုက်အခံလုပ်ရလုပ်ရ ငါ အနိုင်ယူပစ်မှာ"

"မင်း ငါ့ကိုရော နိုင်နိုင်မှာလား"

Ricky သူ့ကို မှုန်ကုတ်ပြီး ကြည့်လိုက်မိသည်။ သူ တကယ် ဘာအကွက်တွေ ရွှေ့နေတာလဲ။

₁₀₁ 𝙧𝙚𝙖𝙨𝙤𝙣𝙨 𝙩𝙤 𝙝𝙖𝙩𝙚 𝙮𝙤𝙪 |completedWhere stories live. Discover now