Chapter 16 : Chasing After ...

660 91 24
                                    


𝗡𝗼𝘄 𝗽𝗹𝗮𝘆𝗶𝗻𝗴:
"Anti Romantic - TxT"
01:22 ─────●───── 03:36
↻ ◁ II ▷ ↺
ᴠᴏʟᴜᴍᴇ : ▮▮▮▮▮▮▯▯▯

---˖⁺. ༶ ⋆˙⊹❀♡❀˖⁺. ༶ ⋆˙⊹---

ဘယ်ကနေ ဘယ်လို ဖြစ်သွားလဲဆိုတာကို ခဏထားပြီး Gyuvin သည် ဆိုဖာအနက်ရောင်ထဲ နစ်ဝင်နေရင်း ကိုယ်ပေါ်တက်ထိုင်နေသော ကြောင်လေး ......... တစ်ယောက်ကို ခါးလေးကိုင်ပြီး ထိန်းထားပေးနေရသည်။

Ricky သည် သူ့မျက်နှာတစ်ခုလုံးကို တရှုံ့ရှုံ့လိုက်နမ်းနေသည်လေ။ ဒီလို Ricky ရဲ့ အာခံတွင်းကနေ မဆိုစလောက် ဆိုဂျူအနံ့ကိုလည်း ရသည်။ ဒီအခြေအနေမှာ မသောက်ဘဲ တောင့်မခံနိုင်တာကလည်း ဖြစ်သင့်ပါသည်။ တွေးမိပြန်တော့ Gyuvin မှာ ရင်ထဲမချိ။

သူ့ရဲ့ ပူပန်စိတ်ကို မသိနေသလို Ricky သည် သူ့ကိုယ်ပေါ်ကနေ မဆင်းသေး။

"Gyuvin ငါ ဒါလေး ချွတ်မယ်နော် ရလား မင်း အေးမလား"

လွန်ခဲ့သည့် မိနစ်ပိုင်းက နှစ်ယောက်သား ပြေးဖက်တာကပဲ နည်းနည်းအားပါသွားသည် ဆိုရမလား။ အရှိန်မထိန်းနိုင်ဘဲ ပစ်လဲမလို ဖြစ်သွားရသည်လေ။ Ricky ကို ထိမှာ စိုးပြီး သူက ကျောနဲ့ ပစ်ချသည့်အခါ Ricky သည်လည်း သူ နာမှာ စိုးပြီး ဆိုဖာရှိရာကို တွန်းလှဲသည်။

ဒီလိုနဲ့ အခုအနေအထား ............
ဆိုဖာပေါ် ပက်လက်လဲနေသော Gyuvin ရဲ့အပေါ်မှာ ခြောက်ပေအရပ်ကို ဘယ်လိုခွေပြီး အံမကျကျအောင် ထိုင်လိုက်မှန်း မသိရသော Ricky သည် ပုံ့ပုံ့လေး ထွေးထွေးလေး။

ပြီးပြည့်စုံစွာ။

"ခဏလေး !

အင်္ကျီကို ဆွဲချွတ်ဖို့ ပြင်နေသော လက်ကလေးကို Gyuvin သည် လှမ်းဖမ်းပြီး တားမိပြီးကာမှ မျက်လုံးရီဝေဝေလေးတွေရဲ့ ငိုမလို မျက်လွှာချသွားမှုမှာ ကောက်ကာငင်ကာ ကျရှုံးသွားရပြီး လက်ပြန်လွှတ်ပေးလိုက်ရသည်။ ဒီတော့ ဘဝင်ကျသွားသလို နှုတ်ခမ်းလေးတွေသည် မြှားမဲ့လေးကိုင်းလေးလို တိမ်အလွန်သုံးရက်လလို သန်းခေါင်ညခုနှစ်စင်ကြယ်လို နူးနူးညံ့ညံ့ကို တွန့်ကွေးသွားပြန်သည်ပဲ။

₁₀₁ 𝙧𝙚𝙖𝙨𝙤𝙣𝙨 𝙩𝙤 𝙝𝙖𝙩𝙚 𝙮𝙤𝙪 |completedWhere stories live. Discover now