𝗡𝗼𝘄 𝗽𝗹𝗮𝘆𝗶𝗻𝗴:
"AMYGDALA - Agust D"
01:20 ─────●───── 02:41
↻ ◁ II ▷ ↺
ᴠᴏʟᴜᴍᴇ : ▮▮▮▮▮▮▯▯▯---˖⁺. ༶ ⋆˙⊹❀♡❀˖⁺. ༶ ⋆˙⊹---
"ထိုင်ပါဦး"
Gyuvin ရဲ့ တည်းခိုရာ ဟိုတယ်အခန်း။ ကုတင်နှစ်လုံးထဲက ဘယ်ဟာကို ရွေးထိုင်ရမယ် မသိ ကြောင်ပြီး ရပ်နေသော Ricky ကို သူက လက်မောင်းကနေ ဆွဲခေါ်လာသည်။ အားပါပါနဲ့ကို။ လေနီကြမ်း ဝှေ့သည့်အထဲ ဖလပ်ဖလပ် ပါသွားရသလို Ricky မှာ အခြေအနေကို လိပ်ပတ်မလည်သေး။
သူ ဖွင့်ပြောခဲ့ပြီးပြီပဲ။
ဖွင့်ပြောမိခဲ့သည်လို့ ထင်သည်။ဒါကို အေးဆေးတည်ငြိမ်စွာ ဟိုတယ်ခေါ်လာသည့် Gyuvin က နားလည်ရခက်လှသည်။ မုန်းစရာကောင်းလှသည်။ Ricky မှာ သူ့အား မုန်းရခက်လှသည်။
"ရေချိုးဦးမလား"
ဒီကြားထဲ အသုံးမကျသည့် မျက်ရည်က လမ်းတလျောက် တွေတွေကျနေမိခဲ့သဖြင့် သူ့ရုပ်က ပေပွနေမည်ထင်သည်။ ဒါကြောင့်ပဲ Gyuvin က ရေချိုးခိုင်းသည်လား။
သူ့ကို ညစ်ပတ်တယ်လို့ ငြိုငြင်တာလား။
Ricky ရဲ့ တရုတ်နဂါးမျက်စောင်းက ရှဲခနဲ။"တမျိုးမထင်နဲ့နော် ငါက ဒီအတိုင်း မင်းများ စိတ်ထဲ သန့်သွားချင်မလားလို့"
Gyuvin ရဲ့ ပြာပြာသလဲ ငြင်းနေပုံကြောင့် သူ ကြောင်သွားပြီး ဘေးဘီကို ကြည့်မိမှပင် သဘောပေါက်တော့သည်။ ရေချိုးခန်းက မှန်ချပ်တွေသည် အကုန်အတိုင်းသား မြင်နေရသည်လေ။
"ဪ"
"တကယ် ငါ ဘာစိတ်နဲ့မှ ပြောတာ မဟုတ်ဘူးနော်"
"ဟဟ Gyuvin မင်း ပြောသလို ပြောရရင် ဘာတမျိုးမှ ဖြစ်စရာမရှိပါဘူး မင်းရော ငါရော ယောင်္ကျားပဲ ဟက်* တစ်ခုတော့ ရှိတာပေါ့ ငါက မင်းအပေါ်ဆို ဂေးနေတာလေးက လွဲရင် အဟဟ"
"ရေသွားချိုး Ricky Shen မင်း ခေါင်းအေးအေး ထားနိုင်မှ ငါတို့ ဒီကိစ္စ ဆက်ပြောမယ်"

YOU ARE READING
₁₀₁ 𝙧𝙚𝙖𝙨𝙤𝙣𝙨 𝙩𝙤 𝙝𝙖𝙩𝙚 𝙮𝙤𝙪 |completed
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "I want your heart forever even when we are not together."