𝗡𝗼𝘄 𝗽𝗹𝗮𝘆𝗶𝗻𝗴:
"Gorgeous - Taylor Swift"
01:45 ─────●───── 03:30
↻ ◁ II ▷ ↺
ᴠᴏʟᴜᴍᴇ : ▮▮▮▮▮▮▯▯▯---˖⁺. ༶ ⋆˙⊹❀♡❀˖⁺. ༶ ⋆˙⊹---
ချီတုံချတုံ သို့လောသို့လောနဲ့ Ricky သည် သူ့ဖုန်းနံပါတ်ကို save ထားဖို့ ၃ရက်တိတိ စဉ်းစားခဲ့သည်။ ပြီးတော့လည်း မသိမ်းဖြစ်။ ပြီးတော့လည်း မခေါ်ဖြစ်။ ပြီးတော့လည်း မမှတ်မိတာမဟုတ်။
အခုပဲကြည့်။
ဖုန်း screen ပေါ်မှာ ဂဏန်းတွေ ဖျတ်ခနဲ ပေါ်လာတာကို မြင်တာနဲ့ပင် Ricky သူခေါ်နေမှန်း သိသည်လေ။ မုန်းချင်စရာ ဂုဏ်သတ္တိကို ဒီနေ့အထိ ထိန်းထားသလို သူကလည်း ဖုန်းကို တစ်ချက်ဝင်တာနဲ့ ချသွားသည်လေ။
ပြန်ခေါ်မိပြန်ရင်လည်း Ricky ဘက်က စိတ်ထဲထားနေကြောင်း သိသာသွားမလား။ သို့သော် မသိသည့်နံပါတ်ကို ပြန်ခေါ်သလို ဟန်ဆောင်ရင် ဖြစ်သည်ပဲ။ သို့သော် သို့သော် သို့သော် Ricky သည် မလိမ်တတ်။ ညာမိပြီး ပေါ်သွားရင် မြင်ရမည့် သူ့မျက်နှာ ခပ်ဖြီးဖြီးတဟီးဟီးက Ricky ကို ကြိုတွေးရင်းကို အမြင်ကတ်စေသည်။
ဒါပေမယ့်လည်း Ricky သည် သူ့ကို ပန်းချီဆွဲဖို့ ကမ်းလှမ်းမိခဲ့ပြီ။ ယောင်္ကျားကတိဆိုတာက သေတောင် တည်ရမည်မလား။
ဒါကြောင့် မတတ်သာစွာ Ricky သည် လေးလေးလံလံ ခြေထောက်တွေကို ဒရွတ်ဆွဲပြီး ဆေးသိပ္ပံမေဂျာဘက် လျှောက်ဖြစ်သည်။
သူနဲ့ စီးပွါးရေးပါတနာတွေလို လက်တွဲဖို့။ ကုမ္ပဏီဝန်ထမ်းတစ်ယောက် မိတ်ဖက်ကုမ္ပဏီသို့ အလုပ်သဘော စေ့စပ်ညှိနှိုင်းရန် သွားသလို။ ပန်းချီအနုပညာရှင်အနေနဲ့ အသုံးချခံ အနုပညာပစ္စည်းကို ရွေးယူသလို။ ဒါ ဘာမှ ထူးခြားတာမဟုတ်ကြောင်း နှလုံးသွင်းရင်း ...........
ရေတံခွန်အောက် တရားကျင့်သော ဘုန်းတော်ကြီးတွေရဲ့ စိတ်တည်ငြိမ်မှုကို နမူနာယူပြီး Ricky သည် Notice Board ရဲ့ အချိန်ဇယားတွေကို စစ်ကြည့်ရင်း သူ့အတန်းချိန်နဲ့ စာသင်ခန်းမကို ရှာသည်။
"စီနီယာ Gyuvin ကို ရှာတာလား"
နောက်က ထွက်လာသည့် အသံကြောင့် Ricky လန့်သွားရသည်။ Ricky ထက် အရပ်မြင့်ပြီး Ricky ထက် အများကြီး ထွားသော ကောင်လေး။

KAMU SEDANG MEMBACA
₁₀₁ 𝙧𝙚𝙖𝙨𝙤𝙣𝙨 𝙩𝙤 𝙝𝙖𝙩𝙚 𝙮𝙤𝙪 |completed
Fiksi Penggemar[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "I want your heart forever even when we are not together."